Chapter 21

6.3K 771 149
                                    


" Jian...မင်းညက အိမ်ပြန်မအိပ်ပြန်တာလား..."

အိမ်ထဲဝင်ဝင်ချင်း ပါးက ဧည့်ခန်းထဲကနေ လှမ်းမေးလာ‌တာကြောင့် ပါးဘေးပဲ ဝင်ထိုင်လိုက်မိတယ်...

" ဟုတ်တယ်...ဒီအတိုင်းပဲ အပြင်မှာအိပ်ချင်စိတ်ပေါ်လာလို့..."

" ဘာလဲ ဟိုကောင်လေးနဲ့ ရှိ‌နေတာလား..."

" အင်း..."

" ဘယ်လိုလဲ အဆင်ပြေ‌နေပြီပေါ့...ဒါဆို တူတူတောင် အိပ်ပြီးသွားတာလား..."

" မဟုတ်ပါဘူး...ကျွန်တော်တို့က အဲ့လိုဆက်ဆံရေး မဟုတ်သေးပါဘူးဆို..."

" မင်းပဲ တစ်ညလုံးတူတူရှိတယ်ဆို..."

" တစ်ညလုံးတော့ မဟုတ်ဘူး..ခဏပဲ.."

" မင်းဟာကလည်း တစ်ယောက်တည်းကို ဆယ်မျိုးလောက်ပြောနေတာ...သားအဖချင်းကို လာလျှိုနေတာလားပဲ..."

" ပါးက ဇွတ်ပဲ...။ သူ့မှာ ချစ်ရမယ့်သူရှိနေတော့ အရှေ့တိုးရခက်နေလို့ စိတ်ညစ်နေတာ..."

" အော် ပြိုင်ဖက်တွေရှိနေတာကိုး...ဘယ်သူလဲ ပါးရှင်းပေးဖို့ လိုလား...ငါ့သားလိုချင်တာ မရဘူးဆိုတာ မရှိစေရဘူးနော်...အခုချက်ချင်း လိုက်တောင်းပေးဆိုလည်း ဖြစ်တယ်...ပါးဘာလုပ်ပေးရမလဲပြော..."

" မလိုပါဘူး...ကျွန်တော့်ဘာသာကျွန်တော်ကြိုးစားမှာပါ..အခု သွားအိပ်လိုက်ဦးမယ်...ညက ‌လမ်းပေါ်မှာပဲ အိပ်လာရလို့..."

" အင်းအင်း...ဒါနဲ့မင်းကိုပြောရဦးမယ်...ဒီတစ်ခါ အလုပ်က နယ်စပ်ကို သွားရမှာ...။ အန္တရာယ်များတဲ့အလုပ်ဆိုပေမယ့် ဒီတစ်ခါပွဲက အချီကြီးပဲ...အဲ့အတွက် မင်းဘယ်လိုစဉ်းစားထားလဲ..."

" ဘယ်လိုမှ မစဉ်းစားချင်ဘူး..."

" မင်းဘယ်လိုဖြစ်နေတာလဲ..."

" ကျွန်တော် ဒီအလုပ်တွေ ထပ်မလုပ်ချင်တော့ဘူး..."

" ဘာ..."

" တကယ်ပြောတာ...မိသွားလည်း အဖမ်းမခံနိုင်ဘူး...မတော်တဆလည်း မသေချင်သေးဘူး...။ ပါးဘာသာ လုပ်ချင်တာသာ ဆက်လုပ်တော့..."

" မင်းကခုမှ ဘာတွေထဖြစ်နေတာလဲ...ယူတောင်မယူရသေးဘူး အပိုးကျိုးနေတာလား..."

Perfect Imperfection (Season 2) [Completed]Where stories live. Discover now