Chapter 12

7.3K 887 105
                                    


မနေ့က ဝေ့ရင်းရဲ့ အပြုအစုကောင်းချက်တွေကြောင့် တစ်ညလုံး အိမ်သာထဲပဲ ပြောင်းအိပ်လိုက်ရမလားတောင် တွေးမိတဲ့အထိ...ကျွန်တော့်မှာ ဗိုက်တွေရစ်ရစ်ပြီးနာလိုက်...ဝမ်းတွေလျှောလိုက် ဖြစ်နေရတာမို့ ဖျားနေတာတောင် ဘယ်တွေပျောက်သွားမှန်းမသိ...

မနေ့က သူ အနားမှာ ထပ်ပြုစုနေဦးမှာ ကြောက်တာကြောင့် အားယွမ်ကို တစ်ဖက်လှည့်နဲ့ အတင်း အိမ်ပြန်ပို့ခိုင်းလိုက်ရတာ...။ ပြောရင်းဆိုရင်း ဗိုက်နာလာပြီမို့ အိမ်သာပြေးရပြန်ပြီ...ကလေးစုတ်လေး...သူ့ကိုလည်ပင်းညှစ်မိလို့များ အငြိုးနဲ့လုပ်သွားတာလားပဲ...

ညကရော မနက်တစ်မနက်လုံးပါ နေလို့မကောင်းတာကို ဆေးတွေသောက်ပြီးကုလိုက်မှပဲ နေ့လည်လောက် ဆေးရုံထလာနိုင်တော့တယ်...။ အားယွမ်က ခွင့်တစ်ရက်ထပ်ယူစေချင်နေပေမယ့် လူနာတွေကို မထားခဲ့ချင်တာရော..ဆန်ပြုတ်အတွက် အဲ့ကောင်လေးကို စိတ်ဆိုးပေမယ့် မနေ့က လာကြည့်ပေး လာချော့ပေးတဲ့ အပြုအမူလေး‌တွေအတွက်ကို ပျော်မိတာရယ်...သေချာပေါက် အဲ့ညက ကိစ္စအတွက် ပြန်တောင်းပန်ချင်တာရယ်ကြောင့် ထွက်လာခဲ့လိုက်တော့သည်...

စောက်ခလေး...မနေ့က သူကျတော့ တစ်ဇွန်းတောင် မြည်းမကြည့်ဘဲ ကျွန်တော့်မှာ စပ်လွန်းလို့မျက်ရည်ကျနေပါတယ်ဆိုတာကို အဲ့ဒါ သူလုပ်ပေးတာကို မစားချင်လို့ တမင်လုပ်ပြနေတယ်ဆိုပြီးတောင် သူကပဲ ပြန်ထိုင်ငိုသွားသေးတာ...။ အဲ့ဟာလေးကို အခုထဲက လက်ရော ခြေရော တကယ်မြှောက်ပါတယ်....





ဒီနေ့လည်း Prof ကြီးမလာနိုင်လောက်သေးဘူးထင်ခဲ့ပေမယ့် ထမင်းစားချိန်ရောက်မှ စားပြီးရင် ဆေးရုံအပေါ်ဆုံး ခေါင်မိုးထပ်ကို တက်လာဖို့ ဖုန်းလှမ်းဆက်လာတာကြောင့် စားပြီးတာနဲ့ ကျင်းလင်ကိုတောင် ဘယ်သွားမလဲ ပြောမနေတော့ဘဲ ပြေးတက်လာခဲ့လိုက်တယ်...

ဘာလို့ခေါင်မိုးထပ်ထိ ခေါ်တာပါလိမ့်...မနေ့ကကိစ္စတွေပါပေါင်းပြီး ခေါ်ဆူတာလား...

ကျွန်တော်ရောက်တော့ Prof က ရောက်နှင့်နေပြီဖြစ်တာကြောင့် လက်ကို နောက်ပစ်ပြီး ရပ်နေတဲ့ Prof ရှေ့ကို မြန်မြန်ပြေးလာလိုက်တယ်...

Perfect Imperfection (Season 2) [Completed]Donde viven las historias. Descúbrelo ahora