ဝုန်း..." အဟင့်..."
" ဟာ...ဝေ့ရင်း ကလေး...ရလား ဘာဖြစ်သွားသေးလဲ..."
" နာသွားပြီ..."
ဒီကလေးက ဘာလို့ငြိမ်ငြိမ်မနေနိုင်တာပါလိမ့်...။ အခုလည်း ခုံပေါ်ကနေ ခြေချော်ပြုတ်ကျသွားပုံပင်...။ ညက တကယ်ကြီးပါဆို...ကျွန်တော့်ကို တစ်ညလုံး ပေးမအိပ်ပဲ ဂျီကျနေပြီး မိုးလင်းမှ သူကကျ နှိုးမရအောင် ထိုးအိပ်သွားတာမို့ ဆေးရုံကနေ ခွင့်ယူပေးထားလိုက်ရတယ်...။ သူက ခွင့်ယူလို့ရပေမယ့် ကျွန်တော်ကတော့ သွားရတာမို့ တစ်ညလုံး မအိပ်ရတဲ့ဒဏ်တွေက ဆေးရုံမှာငိုက်တာ ငိုက်တာဆိုတာ လူမြင်လို့တောင် မကောင်းဘူး...
အခုလည်း ပြန်ရောက်ရောက်ချင်း အပေါ်က ဝုန်းဆိုတဲ့ အသံကြားလို့ ပြေးတက်လာရတာ...
" ဘာတွေတက်လုပ်နေတာလဲ...အိမ်မှာ ငြိမ်ငြိမ်နေခဲ့ပါဆို..."
" ဟိုမှာကြည့် ပုံတက်ချိတ်နေတာ...လှလား..."
သူပြတာကိုမော့ကြည့်လိုက်တော့ ကျွန်တော်တို့ မင်္ဂလာပွဲကပုံကို အရင်က ချိတ်ထားတဲ့ ပုံနှစ်ခုဘေးမှာ တက်ချိတ်ထားပြီးပြီ...
" လှတယ်နော်...ကိုယ်ပြန်လာရင် ချိတ်ပေးမှာပေါ့...။ အခုခြေထောက်နာသွားတာလား...ပြဦး..."
" ခြေထောက်မနာပါဘူး...ဖင်ထိုင်ရက်ကျတာလေ...တင်ပါးနာသွားတာ...ညကလုပ်ခံထားရတော့...ပို ပို...အွန့်..."
သူ့ပါးစပ်ကို လက်နဲ့အမြန်အုပ်ထားလိုက်ရတယ်...
" အဲ့ဒါကို အကျယ်ကြီးမပြောနဲ့လေ...သူများတွေကြားသွားမယ်..."
" ဘာလဲ...စားပြီးနားမလည်လုပ်ချင်နေတာလား...ပြောမှာပဲ...."
" အယ်...ဘယ်မှာလုပ်လို့လဲ...ဒါမျိုးတွေကို အကျယ်ကြီးမပြောရဘူးလို့ပဲ ပြောတာလေ..."
" ပြောမှာပဲဆို...မနက်ကတောင် အိပ်ပျော်နေလို့ စီနီယာ့ကို မတွေ့လိုက်ရတာ...စီနီယာ ပြန်လာရင် တိုင်မှာ..."
" ဟေ့ ဒီကလေးတော့ နာချင်နေပြီ..."
" တွေ့လား တွေ့လား...ယူပြီးတာ တစ်ညပဲရှိသေးတယ်...လက်ပါချင်နေပြီ...။ နောက်ဆိုရင် ဝေ့ရင်းတို့ဘဝတော့ မတွေးရဲစရာပါလား...လက်ကလည်း အပါခံရသေး...ညတိုင်းအနိုင်ကျင့်ကလည်း ခံရသေး..."
YOU ARE READING
Perfect Imperfection (Season 2) [Completed]
FanfictionImperfection ရဲ့ Season 2 လို့ ပြောလို့ရတာမို့ Imperfection အရင်ဖတ်ပြီးမှ ဒါကို ဖတ်ကြပါနော်. . . Imperfection ရဲ့ Season 2 လို့ ပြောလို့ရတာမို့ Imperfection အရင်ဖတ်ပြီးမှ ဒါကို ဖတ်ကြပါနော်. . . Wang Yibo...