Part -4

11.1K 994 35
                                    

Yiboနိုးလာတော့ သူ့ရင်ခွင်ထဲမှာ Ziyiက ရှိမနေတော့..ဒီကောင်မလေး အစော ကြီး အိပ်ရာ ထ သွားတာလား..

"မောင်..အဲ..Yi..Yibo"

Ziyiက မနက်ခင်းစောစောနေရောင်အောက်မှာ ဂါဝန်အဖြူလေး တစ်ထည်နဲ့ လှရက်နေလွန်းသည်..Yiboက အိပ်ရာမှ ထပြီး Ziyiနားသွားကာ Ziyiကို ဖက်ထားလိုက်ပြီးဆံနွယ်လေးတွေကို နမ်းရှိုက်ကာ..

"မောင်လို့ ပြန်ခေါ်လေ"

"ဘယ်သူက ခေါ်လို့လဲ"

"ခုနက ခေါ်လိုက်တာ ကိုယ် ကြားလိုက်တာ"

"မခေါ်လိုက်ပါဘူး..ဖယ်ကွာ..အကျီင်္လဲ မဝတ်ရသေးပဲ လူကို လာဖက်နေတယ်"

"ရှက်နေတာလား..ညကတောင် ကိုယ်တို့"

"ဟာ..မောင်တော်တော့နော်..မပြောနဲ့တော့"

"ကိုယ့် ဇနီးလေးက အရမ်း ရှက်တက်တာပဲ"

"မောင်..ရေချိုးတော့..Geက မနက်စာ အတူ စားရအောင် တဲ့".

"Xiaozhan က?"

"အင်း"

Xiaozhanနာမည်ကြားတာနဲ့Yiboဟို ညက အဖြစ်အပျက်တွေကို ပြန် မြင်လာပြီး မျက်နှာကရဲသွားသည်.သူ Xiaozhan နဲ့မတွေ့ချင်ဘူး..Xiaozhan ကို တွေ့တိုင်း သူ့ရင်ထဲမှာ တစ်မျိုး ဖြစ်သွားတယ်..Xiaozhan က ဘာလို့ မျက်နှာမပူရတာလဲ..တူတူ မနက်စာထိုင်စားနိုင်သေးတာလား

"မောင်..ဘာတွေတွေးနေတာလဲ..ရေချိုးတော့လေ"

"Aww..imm.ဒါနဲ့ Ziyi"

"ဟင်..မောင်"

"ကိုယ်တို့ ဒီနေ့ပဲ Grey Wolfစံအိမ်ကို ပြန်ကြရအောင်"

"ဟင်..ပြန်တော့မှာလား..Ziyiက ဒီမှာ နှစ်ရက်လောက် ထပ်နေချင်သေးတာ"

"ပြန်ရအောင် Ziyiရယ်..ကိုယ် အလုပ်တွေ ရှိသေးတယ်".

"အင်း..မောင့်သဘောပါ"

"လိမ္မာတယ် "

.....

မနက်စာ စားမယ့် စားပွဲဝိုင်းကို လျှောက်လာတဲ့ Yiboနဲ့ သူ့ညီမကို ကြည့်ကာXiaozhan စိတ်တွေက တင်းမားလာသည်..Ziyiထိုင်ဖို့ ခုံကို Yiboက ဆွဲပေးပြီး ဂရုစိုက်ပေးတာ မြင်တော့ ဒေါသတွေက အလိုလိုနေရင်း ထွက်လာသည်..

I Did Something Bad (Completed )Where stories live. Discover now