Part-12 (ZC & UC)

9.9K 976 78
                                    

Yibo နိုးလာတော့ Xiaozhanရဲ့ ရင်ခွင် ကျယ် ကြီးထဲမှာ..အဝတ်မပါ တဲ့ ရင် ခွင်မှာ ခေါင်း အပ် ထားတာကြောင့် Yibo မျက်နှာ တွေ ထူ ပူ လာသည်..
Xiaozhan က ပြောမရ ဆို မရဘူး..အရမ်း ဆိုးတယ်..သူ လုပ်တာနဲ့ တကယ်ပဲ အမြွှာလဲ မွေးနေဦးမယ်..
Xiaozhan ရင်ဘတ်က ရတဲ့ Pheromones နံ့ က သူ့ ကို နွေးထွေး စေတာကြောင့် Yiboက ခေါင်းလေးကို တိုးဝှေ့ကာ ရင်ခွင်ထဲ အတင်းတိုး ဝင် လိုက်သည်..

"အင်း.."

ညီးသံ သဲ့သဲ့နဲ့ မျက်လုံး ပွင့် လာတဲ့ Xiaozhan က သူ့ ဆံနွယ် တွေကို နမ်း ရှိုက်ရင်း..

"နိုး နေတာ ကြာပြီ လား အချစ်"

"မကြာသေးဘူး.. "

"နွေးနေတာပဲ..အချစ် ကိုယ် လေးက"

"Xiaozhan.. ဖယ်စမ်းပါဗျာ"

"ခု ကျတော့ ဖယ် ခိုင်းပြီပေါ့..ခုနက ရင်ခွင် ထဲ အတင်း တိုး ဝင်နေတာ ဘယ်ကောင်လေးလဲ "

"မင်း နော်.."

"စတာပါကွာ.. စိတ်မဆိုး နဲ့..ကိုယ်က မင်း အပိုင်ပဲ. မင်း ကြိုက်သလို လုပ်လို့ ရတယ်.."

"မင်း နေကောင်း သွား ပြီလား"

"အင်း..အချစ် ကြောင့် ကောင်းသွား ပြီ..အားတွေ တောင် ထပ်ရှိလာပြီ..အဲ့တော့ အား အရမ်း ပြည့်နေလို့ လျှော့ သွားအောင် ထပ် ပြီး..."

"Xiaozhan.. ဖယ်တော့..တော် ပြီ..ထပ် မလုပ်နဲ့ နော်.."

"စတာ..စတာ..ဘာမှ မလုပ်ဘူး..အချစ်မှာ ကိုယ်တို့ ကလေးရှိနေတာ ကိုယ် သိပါတယ်..ဘာမှ မလုပ်​ ပါဘူး..မကြောက်ပါနဲ့..အေ့.."

"ဘာဖြစ်လို့လဲ Xiaozhan "

"အန်..အန် ချင်လို့..ဝေါ့.."

ကုတင်ပေါ် မှ ပြေးဆင်းကာ အနောက်ကို ဝင်သွား ပြီး ထိုးအန် နေတဲ့ Xiaozhan ကို ကြည့်ကာ Yiboက ရယ် မိသည်..မင်း ကိုယ် ဝန် ရှိတာလား..ငါ ကိုယ် ဝန်ရှိတာ လား..မခွဲ ခြားတက်တော့ဘူး Xiaozhan ရေ..

"အာ..ဒါလေး ကုန်အောင် စားလိုက်နော်"

ပါးစပ်ထဲ အတင်း လိုက်ခွံ့ နေသည့် Xiaozhan ကို တွန်းကာ..

"ဖယ်ဗျာ..မစားချင်တော့ဘူး"

"ဒါ နောက်ဆုံး တစ်လုပ်ပဲ..စားလိုက်ပါ..ဒါမှ အချစ်အားရှိမှာ"

I Did Something Bad (Completed )Where stories live. Discover now