Xiaozhan က Yiboရဲ့ကိုယ် ဝန်ကြောင့် ယောင် ကိုင်းနေတဲ့ ခြေထောက်တွေကို ရေနွေးနွေးလေးထဲ ဇိမ်ကာ ဖွဖွ လေး နှိပ်ပေးနေတယ်...Yiboက တော့ ငုံ့နေတဲ့ Xiaozhan ခေါင်းက ဆံပင်လေးတွေကို အသာ ပွတ် သပ်ပေးနေတယ်. .
"သိပ်မကြာတော့ဘူး ကလေးလေးတွေ အပြင်ရောက်လာတော့မယ်"
"အင်း.."
"နေရထိုင်ရတာ အရမ်း ခက်နေလား"
"ခက်တာ ပေါ့ဗျာ..မေးရက်လေခြင်း. လေးလံ နေတာပဲ တစ်ကိုယ်လုံးကို "
"အချစ် ပင်ပန်းနေတာ ကိုယ် မကြည့်ရက်ဘူး..ကိုယ် သာ ကိုယ်ဝန်ဆောင်ပေးလို့ ရရင် ဆောင်ပေးလိုက်ချင်တယ်"
"အပိုတွေ...ဒါက မဆောင်ပေးနိုင်လို့ ပြောတာမလား..ဆောင်ပေးနိုင်ရင် ဒီလို ပြောမှာ မဟုတ်ဘူး"
"တကယ်ပြောတာ.."
Xiaozhan က ပြောနေရင်း Yiboခြေထောက်လေးကိုဆွဲယူ ကာ ဖွဖွနမ်းလိုက်တော့ Yiboက ရုန်းကာ
"အာ..ခြေထောက်ကြီးကို ဘာလို့ နမ်းတာလဲ..မရွံဘူးလား"
"မရွံပါဘူး..အချစ်နဲ့ ပတ်သတ်ရင် ကိုယ်က အားလုံးကို မြတ်နိုးတယ်...ကိုယ် မရွံဘူး ဆိုတာအချစ် အသိဆုံး ပါ"
"Xiaozhan... ခဗျားနော်"
"အချစ်..."
"အင်း.."
"ကိုယ် မင်းကို အရမ်း ချစ်တယ် သိလား..စကား လုံးတွေနဲ့ ဖော် ပြမတက်အောင်ကို..ဒါကြောင့်လဲ ကိုယ့် ညီမလေး လက်ထဲကနေတောင် လုယူမိတဲ့ အထိပဲ..ညီမလေး ခံစားနေရတာ မြင်တော့ ကိုယ် စိတ်မကောင်း ဖြစ်မိတယ်..ဒါပေမဲ့.. မင်းကိုစွန့်လွှတ် ဖို့ကတော့ မဖြစ်နိုင်ဘူး အချစ်ရယ်..ကလေးတွေ မွေးပြီး သွားတဲ့ အချိန် မင်း ကိုယ့်ကို ထားသွားခဲ့မှာ အရမ်း ကြောက်တယ်"
"Zhan..ငါ မင်းကို မထားခဲ့ပါဘူး"
"အချစ်.. ကိုယ့်ကို.... ကိုယ့်ကို ဘယ်လိုခေါ်လိုက်တာ"
"Zhan..လို့.."
"ဟာကွာ.."
"ငါမင်းကို ချစ်တယ် Zhan..မင်းကို မထားခဲ့ဘူး လို့ငါကတိပေးတယ်..ဒါကြောင့် ငါ့ကို လဲ မထားခဲ့ ပါနဲ့နော်"
YOU ARE READING
I Did Something Bad (Completed )
WerewolfWhen Alpha Xiaozhan is fall in love with Omega Wang Yibo(Who pretend as alpha),what happen later? Also Wang Yibo is husband of xiaozhan 's younger sister Meng Zi Yi.What will happen between them?