Part-21

10K 988 128
                                    

"ကိုယ် Rutဖြစ်နေတယ်"

"ဟမ်..Rut...Rutဆိုတာက ဟို Omegaတွေ Heat တက်သလိုမျိုး.,."

"အင်း..ဟုတ်တယ်..အဲ့ဒါကြောင့် အချစ်က ကိုယ်နဲ့ ဝေးဝေးနေ...ကိုယ် အချစ်ကို ခဏ လာတွေ့တာ ပြီးရင် ပြန်တော့မယ်"

"ဘာ..ပြန်မယ် ဟုတ်လား"

Yiboမျက်နှာဟာ ချက်ချင်းကို မည်းမှောင်သွားတယ်..Xiaozhan နားသွားကာ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ကာ..

"Zhan..မင်း ဒီအချိန်မှာ ငါ့ကို လိုအပ်တယ်မလား..ဘာလို့ ပြန်မှာလဲ..ဘာလဲ..မင်းက ဟိုမိန်းမနဲ့ အိပ်ချင်နေတာလား"

"ဟာ..မဟုတ်ပါဘူး အချစ်ရာ"

"ဒါဆို ငါ့ကို ရိုးသွားတာလား"

"ကျွတ်..မဟုတ်ပါဘူး အချစ်ရာ"

"ဒါဆို ဘာဖြစ် လို့လဲ"

"ကိုယ်..ကိုယ် မင်းကို နာကျင်အောင် လုပ်မိမှာစိုးလို့...Alpha တွေ Rutဖြစ်တာ Omegaတွေထက် ပို ဆိုးလို့"

"Zhan..ငါက မင်းရဲ့ Mateပါ..မင်းရဲ့ Omegaပါ..မင်း ငါ့ ကို လို အပ်တယ်မလား..ဘာမှ မဖြစ်ပါဘူး..မင်းယူ လို့ရပါတယ် "

"Yibo..ဒါပေမဲ့ ...အွန့်"

Yiboက Xiaozhan နှုတ်ခမ်းတွေ ကို ဖိနမ်းပစ်ကာ

"ငါလဲ မင်းကို လိုအပ်နေတယ်"

"အချစ်...မင်း..ပြီးမှ နောင်တမရနဲ့နော်"

"ရစရာလား..ငါက ယောကျာင်္း ပါ..ကိုယ်ပြောတဲ့ စကားကိုယ် တာဝန်ယူတယ်"

Xiaozhan က Yiboနဖူးလေးကို နမ်းလိုက်ကာ..

"ဒါဆို ခဏစောင့်နေ.."

"ဟမ်..ဘယ်သွားမလို့လဲ ..ရေစို ကြီးနဲ့လေ "

Xiaozhan က ပြန်မဖြေပဲ ထွက်သွား သည်..

....

ဧည့်ခန်းထဲ မှာ ကလေးတွေ ကို ထိန်းနေသည့် Ziyiက Xiaozhan ကို မြင်တော့..

"Ge..ရေတွေစို နေပါလား..ဘယ်လို ဖြစ်တာလဲ"

"Ziyi..သားနဲ့သမီးကို ခဏ ထိန်းထားပေး..ငါတို့ ထွက်မခါမလာမချင်း အခန်းတံခါး ကို လာမခေါက်နဲ့".

"ဟမ်...အင်း... အင်း"

Ziyiက နားမလည် သလို ဖြစ်ပြီး ပြောချင်တာ ပြောပြီး ပြေးထွက်သွားတဲ့ Xiaozhan ကို ကြည့်ကာ..

I Did Something Bad (Completed )Where stories live. Discover now