Part-6 (ZC & UC)

11.3K 1.1K 116
                                    

နေထွက်ခါနီး အချိန်မို့လို့ ပတ်ဝန်းကျင်မှာ နေရဲ့ အလင်းက နည်းနည်းဖြန့်ကျဲထားသည်..
Yiboနွေးထွေးသော ခံ စားချက်နဲ့ အတူ နိုးလာသည်..သူ့ ခန္ဓာကိုယ်ကို ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ် ဖက်ကာ အိပ်ပျော်နေသူက Xiaozhan.. အဝတ်မပါသော ခန္ဓာကိုယ် နှစ်ခုက ပူးကပ်နေတာမို့ သူ မျက်နှာတွေနီရဲကာ ထလိုက်တော့ Xiaozhan မျက်လုံးတွေပွင့်လာသည်..

"မိုးလင်းတော့မှာလား"

"အင်း"

"မင်း အဆင်ပြေရဲ့လား "

"ပြေ တယ်..ဒါနဲ့..ညက ခဗျား ဘယ်လို ဖြစ်ပြီး ဒီကို ရောက်လာတာလဲ"

"မင်းကို သတိရတာနဲ့ ရုတ်တရက် ထလာခဲ့တာ"

"ငါ့ကိုသတိရလို့"

"အင်း..ငါမင်းကိုမတွေ့တာ တစ်ရက်ပဲရှိပေမယ့် အရမ်း သတိရနေတာ".

"Xiaozhan.. ခဗျား.."

"တကယ်လို့ မင်းယူထားတဲ့ မိန်းကလေးက Ziyiသာ မဟုတ်ဘူးဆို ငါမင်းကို ချက်ချင်း လက်ထပ် ဖြစ် မယ် ထင်တယ် "

"Xiaozhan.. "

"ညက ငါသာ ရောက်မလာခဲ့ရင် မင်း အခုချိန် အဲ့ကောင်တွေလက်ထဲ တစ ဆီ ဖြစ်နေပြီ"

"ကူညီပေးလို့ ကျေးဇူး တင်ပါတယ်"

"ငါ ကလဲ မင်းကို ကူညီခွင့်ရလို့ ကျေးဇူးတင်ပါတယ် "

"ငါ ပြန်တော့ မယ်"

"နေဦး Wang Yibo..ညက မင်း ဘယ်လို ဖြစ်ရတာလဲ"

"ငါ မသိဘူး..တစ်ယောက် ယောက် က ငါ့ကို ဆေးခတ်လိုက်တဲ့ပုံပဲ"

"ဆေးခတိလိုက်တဲ့ ပုံ..မင်းပြောပုံ အရဆို မင်း Omegaဆိုတာ သိတဲ့သူ ရှိနေပြီထင်တယ်"

"အင်း.."

"မင်းအတွက် အန္တရာယ်များတယ် Yibo,.သူတို့က ထပ်လုပ်ဦးမှာပဲလို့ ငါထင်တယ်"

"ရပါတယ်.. ငါဆေးနဲ့ ထိန်းလို့ ရတယ်"

"ငါစိတ်မချ ဘူး Yibo..မင်း တစ်ခု ခု ဖြစ်သွားရင် ဘယ်လို လုပ်မှာလဲ ".

"Xiaozhan.. ဘာလို့ ကျွန်တော့်ကို ဒီလောက် စိတ်ပူနေရတာလဲ"

"မင်းကို စိတ်ဝင်စားနေလို့"

I Did Something Bad (Completed )Where stories live. Discover now