Part-17

8.4K 1K 63
                                    

အချိန်တွေက အကုန် မြန်တယ် Zhan..တစ်နှစ်တောင် ပြည့်သွားခဲ့ ပြီ..Xiao Yiနဲ့ Xiao Weiတောင် လမ်းလျှောက်ဖို့ ကြိုးစားနေကြပြီ..Zhan..မင်းသိလား..ဒီတစ်နှစ်အတွင်း ငါမင်းကို အရမ်းလွမ်းတယ်..Clanတစ်ခုရဲ့ Leaderဖြစ်တဲ့ ငါက အန္တရာယ် ကြားထဲ ရောက်နေတဲ့ ငါ့ Clanကို မကာကွယ် နိုင်ပဲ ပုန်းရှောင်နေရတယ်..ဟိုမိန်းမ က ငါ့ Clanကို ခဏ ခဏ ရန်လာစတယ်..ဒါပေမယ့် Ziyiကြောင့် သူ ရှေ့ဆက်မတိုးသေးဘူး..မင်းနဲ့ လက်ထပ်ပြီးရင် သူက ငါတို့ Clanကို သိမ်းမယ်တဲ့..မင်းလက်ကိုချိတ်ပြီး မင်းဘေးမှာ ဝံ့ကြွားစွာရှိနေမယ့် သူမကို မြင်ယောင်မိရုံနဲ့ ငါ ရင်တွေနာတယ် Zhan..မင်းတကယ် ငါ့ကို မမှတ်မိဘူးလား..မင်းပြောတော့ အားလုံးမေ့သွားရင်တောင် မင်းနှလုံးသားက ငါ့ကိုမှတ်မိနေပါမယ်ဆို..
မင်းသိလား ငါ အရမ်း ပင်ပန်းတယ်..အစပိုင်းတိုင်းကXiao Yiနဲ့ Xiao Weiည ဘက်တွေနို့ဆာလို့ ထငိုတဲ့ အချိန်တိုင်း ငါဘာလုပ်ရမှန်းမသိဘူး..ယောကျာင်္းလေးဖြစ်လို့ နို့တိုက်လို့မရတဲ့ ငါ က ဘာလုပ်ရမလဲ မသိဘူး..ပုန်းနေတဲ့ နေရာက ခေါင်တာကြောင့် တခြားဆီက နို့ရဖို့ အဆင်မပြေ ဘူး..ငါကိုယ်တိုင်ထွက်ရှာလို့လဲ မရဘူး..
Ziyiက ငါ့ကို အဲ့ကိစ္စတွေက အစ ကူညီပေးခဲ့တယ်..သူ့ကို Vampire တွေ မျက်ခြေမပြတ်စောင့်ကြည့်နေတာကြောင့် သူလဲ ငါ့ဆီ ခဏ ခဏ လာလို့မရဘူး..
ငါ အထီးကျန်တယ် Zhan..ရှင်းချန်ကလဲ ဆေးနည်းကို ရှာနေတယ်..Yubinကတော့ နေ့နေ့ည ည ကျင့်စဉ်တွေ ကျင့်နေလေရဲ့..
တစ်ယောက်ထဲ နေ့တွေညတွေကို ဖြတ်ကျော်ရတာ ရူးတော့မယ်..သားနဲ့ သမီးသာ မရှိရင်ငါကိုယ့်ကိုကိုယ်သတ်သေမိမယ် ထင်တယ်..
မင်းကို လွမ်းလို့ ရူးတော့မယ် Zhan..

......

"Zhanက ရက်စက်တယ်.."

"မင်းပြောတော့ ငါ့ကို မှတ်မိနေမှာဆို"

"ငါရူးတော့မယ် Zhan"

"မင်းကို လွမ်းတယ်"

ဒီတစ်ခါကလဲ အိမ်မက်ကနေ သူချွေးသီးချွေးပေါက်တွေနဲ့ လန့်နိုးလာသည်..မီးခိုးရောင် ဝံပုလွေ လေးဟာ သူ့ အိမ်မက်ထဲကို အမြဲတမ်း ဝင်လာသည်..မျက်ရည်ဝိုင်းနေတဲ့မျက်လုံးတွေနဲ့ သူ့ကို ကြည့်ကာ ထိုစကားတွေကို ပြောသည်...နောက်ဆုံး သူ့ရင်ခွင်ထဲ မျက်နှာအပ်ရင်း လူသားတစ်ယောက်ပုံစံ ပြောင်းသွားရင် သူလန့်နိုးလာမြဲ..
မင်းဘယ်သူလဲ..ဘာလို့ ငါ့အိမ်မက်ထဲ ဝင်လာနေရတာလဲ...

I Did Something Bad (Completed )Where stories live. Discover now