မနက် ရောက်တဲ့ အထိသူ ညက ကိစ္စကို စဉ်းစားမိနေတုန်းပဲ..
အချစ်...Yibo..Yiboဆိုတာ ဘယ်သူလဲ..
ဘယ်လိုဖြစ်ပြီး အိမ်မက်တွေထဲ သူ့ကို မက်နေရတာလဲ..
သူ့ပါးစပ်ဖျားက ဘာလို့ အဲ့ နာမည်က ထွက်လာရတာလဲ..
Yiboလို့ ခေါ်လိုက်ရင် သူ့ ရင်ထဲ သိမ့်ခနဲ ဖြစ်သွားပြီး ရင်းနှီးသလို ခံစားရတယ်..
တစ်ခုခုတော့ မှားနေပြီ..
အခန်းထဲက ထွက်လာတဲ့ အထိ ထူးထူးခြားခြား ဒီနေ့ Marryကို မတွေ့..."Ge.."
"Ziyi..."
"Ge တကယ် ဘာကိုမှ မမှတ်မိဘူး လား"
"ဘာကို ပြောချင်တာလဲ Ziyi"
Ziyiက သက်ပြင်းကို ချကာ သူ့ကို ကြည့်ပြီး..
"ကိုယ့်မျိုးနွယ် မဟုတ်တဲ့သူတွေကို မယုံပါနဲ့ Ge"
"မင်း ပြောချင်တာက..."
"Zhan.."
သူနဲ့ Ziyi စကားပြောနေတာ မြင်တော့ Marryက ခြောက်ခြားစွာနဲ့ ပြေးလာသည်..Marry ကို မြင်တော့ Ziyiက လှည့်ထွက် မည် အလုပ်
Xiaozhan က Ziyiလက်ကို ဆွဲကာ နားနား ကပ်ပြီး.."Yiboဆိုတာ ဘယ်သူလဲ.. မင်း သူ့ကို သိလား"
"Yibo..Geက ဘာဖြစ်လို့ မေးတာလဲ"
"ဟို..ငါ"
"Yiboက Ziyi ခင်ပွန်း နာမည်ပါ.."
ထိုစဉ် Marryက အနားရောက်လာကာ Xiaozhan လက်ကို ချိတ် ပြီး..
"ဘာတွေ ပြောနေကြတာလဲ Zhan.."
"ဘာမှ မပြောပါဘူး..ငါ ညနေ ပြန်တော့မယ်မို့ Geကို နှုတ်ဆက်နေတာ..."
Ziyiက စကား ဖြတ်ကာ ပြောတော့ Marryက Xiaozhan ကို ကြည့်ကာ..
"ဟုတ်လား Zhan"
"ဟုတ်တယ်.."
"ဒါဆို Ziyi သွားပြီ Ge"
"အင်း.."
Xiaozhan က Marryကို ကြည့်ကာ..
"ကိုယ် မင်းကို မေးစရာရှိတယ်"
"အင်း..မေးလေ Zhan.."
"ဟို...မင်းနဲ ကိုယ် လွန်လွန်ကျုးကျူးတွေ ပတ်သတ်ခဲ့ ဘူးလား"
"အဟင်း..Zhan က လဲ ကွာ..ရှက်စရာတွေ..ဘာတွေမေးနေတာလဲ"
"ပတ်သတ်ခဲ့ ဘူးတာလား"
YOU ARE READING
I Did Something Bad (Completed )
WerewolfWhen Alpha Xiaozhan is fall in love with Omega Wang Yibo(Who pretend as alpha),what happen later? Also Wang Yibo is husband of xiaozhan 's younger sister Meng Zi Yi.What will happen between them?