Part-16

8.3K 993 86
                                    

"Zhan..Zhan..အင်း..ဟင်း"

သွေးနုသားနုနဲ့ ခရီးသွားနေရတာကြောင့် Yiboက အဖျားတွေ တက်ကာ ယောင်နေသည်..

"ဝမ်နင်..အခု ဘယ်လို လုပ်ကြမလဲ..ငါတို့ Grey Wolfကိုလဲ သွားလို့ မရဘူး ထင်တယ်..ဟို မိန်းမ က အဲ့ကို လာရှာမှာ အသေအချာပဲ.."

"ငါလဲ ဘာလုပ်ရမလဲ မသိဘူး..ဘာပဲ ဖြစ် ဖြစ်ကလေးတွေနဲ့ Leader Wang ကို ကာကွယ် ရမယ် "

"ဝမ်နင် ငါတို့ Princess ကို အကူ အညီ တောင်းကြည့်မလား"

"Princess ...ဖြစ်ပါ့မလား..သူက.."

"ဒီကလေးတွေက သူ့အကို ရဲ့ ရင်သွေး တွေပဲ..Princess ကစိတ်သဘောထား ကောင်းတဲ့သူပါ..လက်ခံလောက်ပါမှာ"

"ငါ သွားပြော ကြည့်မယ်...မင်း Leader Wangကို  စောင့်ရှောက်ပေးထားပါ..ငါ အမြန်ဆုံး ပြန်လာခဲ့မယ်"

"အင်း..."

......

Ziyiအခုထိ ရင်တွေနာနေရတုန်းပဲ..ခွင့်လွှတ် နိုင်တယ်ဆိုပေမယ့် ကိုယ်က မောင့်ကို ချစ်တဲ့သူ ဖြစ်တော့.ပြီးတော့ မောင်နဲ့ ပတ်သတ် နေတဲ့သူကလဲတခြားလူ မဟုတ်..ကိုယ့် အစ်ကို အရင်း ကြီး..

"ဘယ်သူလဲ "

ပြတင်းပေါက်ကနေ မြင်လိုက်ရသည့် အရိပ်တစ်ခုကြောင့် သူ မ လန့်သွား သည်..အပေါ်ထပ် အကျီင်္ ကို ကောက် ဝတ်ကာ ပြတင်းပေါက်ကို ကြည့်လိုကိတော့..

"အမယ်လေး."

"Princess.. ရှုး..တိုးတိုး.. ကျွန်တော်ဝမ်နင်ပါ"

"ဝမ်နင်..မင်းက ဘယ်လို ဖြစ်ပြီး..နေဦး..အပေါ် အရင် တက်ခဲ့"

"Princess..Leaderကို William တို့က ခေါ်သွားကြပြီ"

"ဘာ..Ge..Geက ဘယ်လို ဖြစ်ပြီး သူတို့ လက်ထဲ ပါသွားရတာလဲ"

"ကျွန်တော် မသိဘူး..William ညီမ ဟိုမိန်းမယုတ်က Leaderကို တစ်ခု ခု တိုက်လိုက်တယ်..အဲ့တာကို သောက်ပြီး Leaderမေ့လဲသွားတယ်..ဟိုမိန်းမ ပြောတာက...Leaderက အားလုံး ကို မေ့သွားမယ်တဲ့..Leaderက သူ့အပိုင်တဲ့.. "

"ဘာ.."

"သူ က Leader Wangနဲ့ Leaderရဲ့ ပတ်သတ် မှု့ကို သိနေတယ်..Leader Wangကို သူ သတ်မယ် ပြောတယ်..ပြီးတော့ အခု Leader Wangက ကလေးတွေကို မွေးပြီးသွား ပြီ Princess "

I Did Something Bad (Completed )Where stories live. Discover now