Part-14

8.8K 914 78
                                    

"မောင်..ဒါ..ဒါက ဘယ်လိုဖြစ်ပြီး"

Ziyi မျက်လုံး တွေ ပြာသွားသည်..စောင်ဖုံးထားတာတောင်သိသာနေသည့် ဝမ်းဗိုက် ပူပူ..ပခုံးပေါ်က တစ်ဝက်လျှောကျနေသည့် စောင်ကြောင့်တစ်စွန်းတစ်စ ပေါ်ထွက်နေသည့် အသားအရည်တွေပေါ်က အမှတ်အသားတွေ..

"Zi...Ziyi...."

"မောင့်မှာ..မောင့်မှာ ကိုယ်ဝန်ရှိနေတာလား.."

"Ziyi..ဒါက.."

"မောင်က..မောင်က Alphaမဟုတ်ဘူးပေါ့"

"ဟုတ်တယ်..Yiboက Alphaမဟုတ်ဘူး..ငါ့ရဲ့ Omega..ပြီးတော့ သူ့မှာ ငါနဲ့ရတဲ့ ကိုယ်ဝန်ရှိနေတယ်"

Xiaozhan က Yiboဘေးဝင်ထိုင်ကာ ပခုံးကို ဖက်ပြီး ပြော လိုက်သည်..

"ဘယ်လို..Geရဲ့ Mateက မောင် ဟုတ်လား"

"ဟုတ်တယ်..ဒီမှာ ငါ့ရဲ့ Mark မြင်လား.."

"မောင်..မောင် ဘာလို့ ဖုံးကွယ် ထားရတာလဲ..အခုတော့ အခု ဘာဆက်လုပ်ရတော့မလဲ..Ziyiသိက္ခာတွေက ဘယ်ရောက်သွားလဲ..မောင်က Ziyiတို့မောင်နှမနှစ်ယောက်လုံးကို..အို.."

"Ziyi..ကိုယ်.ယကိုယ်ပြောတာ နားထောင်ပါ..ကိုယ် Original Vampire တွေကို သတ်ဖို့ ဒီလို လုပ်လိုက်ရတာ..အားလုံး..အားလုံး ပြီးသွားရင် ကိုယ် Ziyiဆီ ပြန်လာမှာ"

"ပြန်လာမယ် ဟုတ်လား.. မောင်..မောင် ပြန်လာလို့မရတော့ဘူး..မောင်ကိုယ့်မှာ Geရဲ့ Markရှိနေပြီ..မောင်သိလား.Ziyiတို့ Black Wolfတွေဟာ သူတို့ Mateကို Markလုပ်ပြီးသွားရင် သစ္စာဖောက်လို့ မရဘူး..သစ္စာဖောက်ရင် အသေဆိုးနဲ့ သေရတယ်.."

"ဘယ်..ဘယ်လို..Ziyi.."

"ဒါကြောင့် မောင်..အခု Ziyiဆီ ပြန်လာလို့ မရတော့ဘူး..မောင်ရက်စက်လိုက်တာ..Ziyi..Ziyiကတော့..တစ်သက်လုံး.. ကိုယ်ဝန်မဆောင်နိုင်တဲ့ မိန်းမ ဖြစ်နေပြီမို့ မောင့်အတွက် စိတ်မကောင်း ဖြစ်နေခဲ့ပေမယ့်..မောင်..မောင်ကတော့.. "

"ဘယ်..ဘယ်လို..Ziyiက ကိုယ်ဝန်မဆောင်နိုင်တော့ ဘူး ဟုတ်လား.."

"Ziyiအဆိပ်တစ်ခုမိပြီး သားအိမ်က ပျက်စီး သွားခဲ့တယ်.."

"ဘာ..တောက်..ဒါ..ဒါ..ဝမ်ချောင် လက်ချက်ပဲ ဖြစ်မှာ"

"အခုတော့ အဲ့ဒါက အရေးမပါတော့ပါဘူး.."

I Did Something Bad (Completed )Where stories live. Discover now