Part 8

11K 1K 75
                                    

Yiboအိပ်ရာနိုးလာသော်လဲ သဘာဝ အလင်းရောင်ကို မမြင်ရ..ဂူဖြစ်တာကြောင့် ထိန်လင်းနေတဲ့ လျှပ်စစ်မီးရောင်တွေသာရှိသည်....
Xiaozhan ဟာ ဒီဂူကို အိမ်တစ်လုံး လို ပြင်ဆင်ထားတာပဲ..
ညက Xiaozhan ရဲ့နှိပ်စက်မှု့ကြောင့် အခု လူက လက်လေး တစ်ချောင်းတောင် မလှုပ်ချင်..
ကလေး ရမရတော့ မသိဘူး.. လူက တော့ သေတော့မယ်..
ယောကျာင်္းလေး Omega ဖြစ်တဲ့သူတောင် Xiaozhan ဒဏ် ကို မခံနိုင်တာ..မိန်းကလေး ဆို ဘယ်လိုနေမလဲမသိ..
စေးကပ်နေသည့် ခန္ဓာကိုယ်ကြောင့် လူက ရေချိုးချင်လာသည်..ကြိုးစား ထကြည့်ပေမယ့် ထ မရ.

"နိုးနေပြီလား"

ရှပ်အကျီင်္အမည်းရောင်ကို အပေါ်ကြယ်သီးသုံးလုံးဖြုတ်ကာ ဝတ်ထားသည့် Xiaozhan ဟာ ဆွဲဆောင်မှု့ရှိလွန်းအားကြီးနေတာကိုတော့ သူ ဝန်ခံပါသည်..Xiaozhan က လက်ထဲမှ ခွက်ကိုသူ့ကို ပေးကာ..

"Orange Juice..သဘာဝအသီးကို ကြိတ်ဖျော်ထားတာ..လန်းသွားအောင် သောက်လိုက်"

"ငါ ရေချိုးချင်တယ်"

"ကုန်အောင်သောက်..ပြီးရင် ကိုယ် ချိုးပေးမယ် "

သူက တစ်ခါထဲမော့ချကာ သောက်လိုက်သည်..သူသောက်ပြီးတော့ Xiaozhan က သူ့ကို ပွေ့ချီကာ..

"ညက ကိုယ် သန့်ရှင်းပေးမလို့ပါပဲ..မင်း နိုးသွားမှာစိုးလို့"

"ရ..ရတယ်.မလိုဘူး"

မျက်နှာတွေနီရဲသွားတဲ့သူ့ကို Xiaozhan က သဘောတကျ ရယ်ကာ ငုံကြည့်သည်..
ဂူရဲ့နောက်ဆုံးမှာတော့ မှန်တွေနဲ့ကာရံကာ သေချာလုပ်ထားသည့် ရေချိုးခန်း တစ်ခု ရှိသည်..ရေချိုးခန်းနောက်မှာ တဝုန်းဝုန်းနဲ့အရှိန်ပြင်းပြင်း ကျနေသည့် ရေတွေ..

"ဒါက ရေတံခွန်လား"

သူBathtubထဲ ဝင်ထိုင်ပြီး အံ့ သြတကြီးမေးသည်..

"အင်း"

"လှလိုက်တာ...မင်း ဘယ်လိုဆောက်ထားတာလဲ.. ဒီမှန်တွေက မကွဲဘူးလား..ရေအရှိန်နဲ့"

"အပြင်မှာ မှန်သုံးထပ်လောက်ကာထားသေးတယ်..ရေဆင်းတဲ့ အရှိန် ကို လိုက်ပြီး သေချာလုပ်ထားလို့ မကွဲဘူး..ပြီးတော့ ဒီဂူက တောင် အောက်ခြေနာူဆိုတော့ အပေါ်က ကျလာတဲ့ ရေအရှိန်ကဒီနားဆို လျှော့သွားလို့ ရေအားက အရမ်း မပြင်းဘူး"

I Did Something Bad (Completed )Where stories live. Discover now