Part 20

9.6K 994 93
                                    

"Zhan..နောက်ကျလိုက်တာ"

Yiboခေါ်သလို Zhanဟု သူ့ကို ခေါ်ကာ လက်ကို အတင်းဆွဲ ကာ ပြောနေသည့် Marryကို ကြည့်ကာ တစ်ဆဆီ စုတ်ဖြဲ ပစ်ချင်နေသည့် စိတ်တွေ ကို မနည်းထိန်းထားရသည်..သူ့ကြောင့်..ဒီမိန်းမကြောင့်Yiboတစ်ယောက်ထဲ ကလေးတွေကို မွေးပြီး ပုန်းရှောင်နေခဲ့ရတာ..ဘယ်လောက်တောင် ဒုက္ခတွေများခဲ့ပြီး ဘယ်လောက်တောင် အားငယ်နေရရှာမလဲ..ဒေါသဖြစ်နေတဲ့စိတ်ကိုမပေါ်အောင် ထိန်းပြီး Marryကို ပြုံး ပြ လိုက်ကာ..

"Wang Yiboအကြောင်းစုံစမ်းနေလို့ နည်းနည်း နောက်ကျသွားတာ"

"တွေ့ပြီလား ဟင် Zhan..သူ့ကို တွေ့ပြီလား"

"မတွေ့ဘူး..Ziyiကို ကြည့်ရတာလဲ ပုံမှန်ပဲ"

"ဟုတ်လား.."

"စိတ်မပူပါနဲ့ ကိုယ် ဆက်စုံစမ်းပေးမယ်..တစ်ခုတော့ ကိုယ့်ကို ခွင့်ပြုပေးရမယ်.."

"ဘာကိုလဲ Zhan"

"ကိုယ် Ziyiနဲ့ ရင်းနှီးအောင် နေပြီး Wang Yiboအကြောင်း အနီးကပ်စုံစမ်းရမယ်..ဒါကြောင့် သူ့ ဆီကို တစ်ပတ်ကို နှစ်ရက်လောက်ဖြစ်ဖြစ် သွားတွေ့မှ ဖြစ်မယ်"

Marryက Xiaozhan ကို ကြည့်ကာ..သူမှတ်မိနေပြီလား..ဟင့်အင်း.. မဖြစ်တိုင်လောက်ပါဘူး..ငါ အမြဲတမ်း စုန်းသွေးကို သူ့ကို တိုက်နေတာပဲ..Ziyiကများ ပြောပြလိုက်တာလား..ငါ ခြိမ်းခြောက်ထားလို့ Ziyi ပြောရဲမှာ မဟုတ်ဘူး..
Xiaozhan က အတွေးများနေသည့် Marryကို ကြည့်ကာ Marryလက်ကို ကိုင်ကာ..

"ကိုယ်က မင်းနဲ့ မြန်မြန် လက်ထပ်ချင် နေပြီ..ဒါကြောင့် Wang Yiboကို မြန်မြန်တွေ့ပြီး သတ်ပစ်ချင်လှ ပြီ.."

Xiaozhan ရဲ့ မျက်ဝန်း တွေနဲ့ စကား တွေကြောင့် Marry က ယုံ ကြည်သွားကာ

"အင်း..ကောင်းပြီလေ..Marryခွင့်ပြုပါတယ်"

တကယ်တော့ မင်းကို မြန်မြန် သတ်ပစ်ချင်နေတာ မိန်းမယုတ် ရ..
XiaoZhan က မီးဖို ခန်းထဲ ဝင်လာကာ Marryသောက်နေကျ နွားနို့ခွက်ကို ယူကာ ဆေးမှုန့် အနည်းငယ် ကို ထည့်ကာ ဟန် မပျက် ပြန်ထားလိုက်သည်..
လွယ်လွယ် နဲ့ ပေးသေရင် စိတ်ဝင်စား စရာ မကောင်းဘူး..တဖြည်းဖြည်း ချင်းညှင်း သတ်ရမယ်မလား

I Did Something Bad (Completed )Where stories live. Discover now