ဘာလိုလိုနဲ့ Yiboရဲ့ ဗိုက်လေးဟာ ငါးလကျော် လာပြီဖြစ်သောကြောင့် သိသိသာသာ ဆူထွက်နေပြီ ဖြစ်သည်..ကိုယ်ဝန်ရှိတဲ့ Omega တွေက အရမ်း ကလေးဆန်လာတယ်ဆိုတာ တကယ်ပဲလား မသိဘူး..Yiboက ခုတလော Xiaozhan ကို အရမ်း ကပ်လာပြီး ချွဲနေတက်သည်..ခုလဲ Yibo အိပ်ရာ မနိုးခင် Xiaozhan က Clan ကို ခဏ သွား ပြီး ပြန်လာတော့ နိုးလာတော့ Xiaozhan ကို မတွေ့လို့ ဆို ပြီး ကောက်နေရှာသည်..
"အချစ်.."
"လာမခေါ်နဲ့.. ထိလဲမထိနဲ့"
"ကိုယ်တောင်းပန် ပါတယ်ကွာ..ကိုယ် မင်းနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလို့ မနိုး ရက်တာနဲ့ ထွက်သွားတာ"
"ဟင့်..ငါ မျက်လုံးပွင့်လာတော့ မင်းကို မတွေ့တော့ ဘယ်လောက် စိတ်ပူသွားလဲ သိလား..ဘာများ ဖြစ်နေပြီလဲဆိုပြီး."
"အချစ်က ကိုယ့်ကို စိတ်ပူတယ် ဟုတ်လား.
ဘာဖြစ်လို့လဲ..""မဖြေဘူး..လာမမေးနဲ့..အ.."
ဗိုက်ကို နှိပ်ကာ မျက်နှာ ရှုံမဲ့ သွားတဲ့ Yiboကြောင့် Xiaozhan ပြာယာ ခတ်သွားသည်..
"ဘာဖြစ်လို့ လဲ.. ဘာဖြစ်တာလဲ Yibo"
"ကန်တယ်..သူ ကန်နေတယ်.အ.."
"ဒီနား.ဒီနားက လား"
"အဲ့နားကရော..ဒီဘက်ကရော..ပြိုင် ကန်နေသလိုပဲ..အ..လုပ်ပါဦး.. Xiaozhan.. နာတယ်..အရမ်း နာတယ်"
Xiaozhan ပြာယာခတ်သွားကာ ရှင်းချန်ကို အမြန်ခေါ်ရတော့သည်..ရှင်းချန် ရောက်လာတော့ Yiboဗိုက်ကို စမ်းပြီး ရယ်ကာ..
"Leader မင်းက တော်တော် စွမ်းတာပဲ"
"ဘာကို စွမ်းတာနဲ့.. ငါစွမ်းတာနဲ့ အထဲက ကလေး ကန်တာနဲ့ ဘာဆိုင်လို့လဲ"
"ဆိုင်တာပေါ့..အထဲမှာ နှစ်ယောက်တောင် ရှိနေတယ်လေ"
"ဘာ..နှစ်ယောက် ဟုတ်လား..ဒါ..ဒါဆို အမွှာပေါ့ ဟုတ်လား..ရှင်းချန်"
"ဟုတ်တယ်."
"ဟား ဟား..လပြည့်လကွယ် ကျေးဇူးတွေ ကြောင့် ပဲ.."
"Xiaozhan !!"
Yiboက မျက်နှာနီကာ ပိတ်အော်တော့မှ Xiaozhan က အရယ် ရပ်ကာ..
"အချစ်..မင်းရော ပျော်လား..အမြွှာလေးတဲ့"
"အင်း..ကောင်းတာပေါ့..နှစ်ယောက်ဆိုတော့ မွေးပြီး သွားရင် ငါတို့ တစ်ယောက်ဆိ ယူလို့ရတာပေါ့"
YOU ARE READING
I Did Something Bad (Completed )
WerewolfWhen Alpha Xiaozhan is fall in love with Omega Wang Yibo(Who pretend as alpha),what happen later? Also Wang Yibo is husband of xiaozhan 's younger sister Meng Zi Yi.What will happen between them?