ပြာလဲ့လဲ့ကောင်းကင်ကို ကင်းဘတ်စပေါ်ပက်ဖြန်း
လိုက်တယ် ကျောင်းခေါင်းမိုးပေါ်ဟာ ရှောင်းကျန့်ရဲ့
အိမ်မက်တွေဆေးချယ်တဲ့ ကမ္ဘာငယ်လေးဖုန်းသံကြောင့် အတွေးရေယဉ်ထဲကရုန်းထွက်လာပီး
ကိုင်လိုက်တော့ ကျန်းချန်ရဲ့ဖုန်း"အင်း ကျန်းချန်''
"ငါရောက်တော့မယ် ခနနေ မင်းဘယ်မှာလဲ''
"ခေါင်မိုးပေါ်မှာ''
"အင်း ''
၃နာရီလောက်ထိုင်ခဲ့တာမို့ ညောင်းညာနေတဲ့
ကိုယ်ကို အနားပေးရင်း ကျောင်းအောက်က
ရူ့ခင်းကိုငေးတယ် ဒါပါဘဲ သူ့ကမ္ဘာကျဉ်းကျဉ်းလေး
ထဲက နေ့စဉ်လုပ်ငန်းစဉ်တွေအဖြူသက်သက်သူ့မြင်ကွင်းထဲ အစီမ်းရောင်
တောက်တောက် ဆိုင်ကယ်လေးတစ်စင်းဝင်
လာတယ်ဘယ်ဘက်ရင်အုံထဲက အကောင်ငယ်လေးက
အဆက်မပြတ်တုန်လို့ ပိုင်ရှင်တွေ့လိုက်တဲ့
ကြောင်ပေါက်လေး ပျော်မြူးနေသလိုငွေဖြူရောင်ဆံနွယ်တွေနဲ့ ကောင်ငယ်လေးတျောက်
စုကျုတ်ထားတဲ့မျက်ဝန်းတစ်စုံက လောကကြီးကို
သွန်လိုသွန် မှောက်လိုမှောက်လိုရာလုပ်နိုင်တဲ့
ဧကရာဇ်တစ်ပါးလိုဝင့်ကြွားဟန်အပြည့်ဒီလိုပါဘဲ အမှတ်မထင်နေ့စွဲတစ်ခုကနေ
မှတ်မှတ်ထင်ထင် ရှာဖွေတွေ့ရှိခဲ့တဲ့ကောင်လေး
ဘယ်သူမှ မသိလိုက်ပါဘဲ တိုးတိုးတိတ်တိတ်
ဆိတ်ဆိတ်ကလေးပါဘဲ ရှောင်းကျန့်ချစ်မိခဲ့တယ်~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရေစက်ဆိုတာကိုမယုံဘူး
ဒါပေမယ့် ရှိပါစေလို့ဆန္ဒပြုမိတယ်
သူ့ရဲ့ငွေရောင်ဆံနွယ်လေးတွေနဲ့ထိတွေ့နိုင်မယ့်
လေညင်းလေးဖြစ်လိုဖြစ်ငြားမိုးကုတ်စက်ဝိုင်းထဲ မလွတ်မြောက်နိုင်တဲ့
တစ်ငင်စာ နှောင်ကြိုးလေး ရှောင်းကျန့်နစ်နစ်နဲနဲ
ခိုင်ခိုင်ခန့်ခန့် တွယ်ငြိမိတယ်သူ့ရဲ့အစိမ်းရောင်နိဗ္ဗန်ဘုံကလေးကို ပြန်တွေ့ခဲ့တယ်
လူသားချင်းဆက်နွယ်မိဖို့ လိုအပ်တာစူးစိုက်မိမယ့်
အကြည့်တစ်ချက်တဲ့ သူ့အာရုံစိုက်မူ့ကလေး
ဝယ်ချင်လို့ ဘယ်ကြယ်ဆီပြေးပီးအပူကပ်ရမလဲ

YOU ARE READING
W.I.T.H...Y.O.U(Complete)
Fanfictionတိုးတိုး တိတ်တိတ် ဆိတ်ဆိတ် ကလေးပါဘဲ ဘယ်လောက်ချစ်ခဲ့ကြောင်းပြောမယ် ပီးရင် ကျွန်တော်တို့လက်တွေ့ကျကျ ဝေးကြမယ် တိုးတိုး တိတ်တိတ် ဆိတ်ဆိတ် ကလေးပါဘဲ ဘယ်လောက်ချစ်ခဲ့ကြောင်းပြောမယ် ပီးရင် ကျွန်တော်တို့လက်တွေ့ကျကျ ဝေးကြမယ်