Part(13)

5.4K 558 5
                                        

Zawgyi

"အား ကလေးတွေ မင်တို့ကိုလွမ်းနေတာ
လာပါဦး ပါးပါးကိုဖက်ပါဦး''

studioကိုပစ်ထားတာကြာပီမို့ ဟောက်ရွှမ်းဆေးရုံ
ကဆင်းရတော့ ရိပေါ်တို့ ကလေးတွေကိုသွားတွေ့
ကြတယ်

သူနဲ့ ဟောက်ရွှမ်းပေါင်းဖွင့်ထားတဲ့ dance classက
street danceလောကမှာ နာမည်တော်တော်လေး
ကြီးတာမို့ တက်ချင်တဲ့သူတွေများပေမယ့် သူကလူတိုင်းကိုလက်မခံ တကယ်ဝါသနာပါတဲ့ကလေးတွေ
ကိုသာလက်ခံသည်

"ကဲကဲ ဆက်လုပ်ကြ''

အခြားနည်းပြတွေရှိနေတာမို့ သူတို့နစ်ယောက်
ခပ်လှမ်းလှမ်းကနေသာ trainနေတဲ့ကလေးတွေ
ကိုကြည့်နေလိုက်တယ်

"မင်းဘာတွေလုပ်ဖို့စဉ်းစားနေတာလဲ ရိပေါ်''

"ဘာကိုလဲ''

"မင်းနဲ့ဖေးဖေးရဲ့ သတင်းတွေလေ ''

"ဘာလုပ်ရမှာလဲ လိုက်ရှင်းနေလဲ ထပ်ထွက်လာဦး
မှာဘဲကို''

"ရှောင်းကျန့် မင်းကိုဘာမှမပြောဘူးလား''

"ဟင့်အင်း''

"သူမသိတာတော့ မဟုတ်လောက်ဘူး''

ဟုတ်တယ် ဒီလောက်သတင်းတွေထွက်နေတာ
မသိတာတော့မဟုတ်လောက်
ဒါပေမယ့် အဲဒီလူက သူ့ကိုဘာတစ်ခွန်းမှမမေး
ဒီရက်ပိုင်းလဲ သူကဟောက်ရွှမ်းကိုဆေးရုံမှာ
လူနာစောင့်လုပ်နေတာရယ် ရှောင်းကျန့်က
ကျောင်းအားကစားပြိုင်ပွဲအတွက်အလုပ်ရူပ်နေ
တာရယ်နဲ့ သိပ်မတွေ့ဖြစ်

"သူဘာတွေတွေးနေလဲဆိုတာဘယ်သူသိမှာလဲ
မသိချင်ယောင်ဆောင်နေတာလား ဂရုမစိုက်
တာလား''

သူတကယ်ရှောင်းကျန့်ကိုနားမလည် အဲလူက
တိမ်တွေလိုဘဲ ခန့်မှန်းလို့မရဘူး
တကယ်ဆို သူ့ကိုမေးတာမျိုး စုံစမ်းတာမျိုးတော့
လုပ်သင့်တယ်မဟုတ်လား

"ရိပေါ် မင်းနဲ့ဖေးဖေးကဘယ်လိုဆက်ဆံရေးလဲ''

"ဘယ်လိုမှမဟုတ်ဘူး''

"ရှောင်းကျန့်ကို မင်းချစ်လားရိပေါ်''

ဟင့်အင်း သူမသိဘူး မသိချင်တာဆိုရင်ပိုမှန်လိမ့်
မယ်...အမားအတွက် သူသားတစ်ယောက်တာဝန်
ကျေဖို့လိုတယ်
သူ့ရဲ့စိတ်ထဲမှာ ရှောင်းကျန့်က လက်စားချေရန်
အသုံးချရမယ့် နယ်ရုပ်တစ်ခု ဒီလိုဘဲသူမှတ်ထား
ရမယ် ဒီလိုဘဲ

W.I.T.H...Y.O.U(Complete) Onde histórias criam vida. Descubra agora