Zawgyi
"ဟာ သွားပီ သွားပီ''
အနီရောင်ထဲနစ်ထားတဲ့ စုတ်တံကို စိတ်လွတ်လက်
လွတ်နစ်လိုက်မိတာ အစိမ်းရောင်ဗူးထဲ။ကင်းဘတ်စပေါ်က ဆေးရောင်တွေလိုပါဘဲ
သူ့စိတ်တွေလည်း ပုံဖော်ဖမ်းဆုတ်လို့မရအောင်
တပြန့်တကျဲ မနေ့ညတည်းကပေါ့။ကြိုးစားပမ်းစား ချက်ပြုတ်ထားတဲ့ အငွေ့တလူလူ
ဟင်းပွဲလေးနဲ့အတူ သူ့မျော်လင့်ချက်တွေ
အေးခဲသွားတဲ့အထိ ရိပေါ်ကတော့ရောက်မလာခဲ့။ဖုန်းဆက်ပေမယ့် ကိုင်မယ့်သူမရှိတဲ့သူ့ phone call
လေးတွေလည်းဘယ်လောက်ထိမျက်နာငယ်ရမလဲရောက်များလာဦးမလားဆိုပီးဖွင့်ထားတဲ့တံခါးဆီက
တိုးဝှေ့ဝင်လာတဲ့ ဆောင်းလေအေးတွေကလည်း
သူ့ရင်ထဲလောင်မြိုက်နေတဲ့ မီးတွေကိုမငြိမ်းသတ်နိုင်
တကူးတကပါဘဲ ချစ်မိရာကစခဲ့တဲ့မီးတွေ။စားပွဲပေါ်မှောက်ရက်လေးအိပ်ပျော်သွားတော့
မနက်ကျ ညောင်းလိုက်တာဆိုတာ
ဘာရယ်မဟုတ် ဖွင့်ကြည့်မိတဲ့သတင်းတွေကလည်း
ရီရသားဘဲ နာနာကျင်ကျင်နဲ့ကိုရီရတာမျိုး။ရိပေါ်ကသူ့ကောင်လေးလေ ခေါင်းစဉ်က
မင်းသမီး ဟွာဖေးဖေးရဲ့ချစ်သူမှာ Cနိုင်ငံရဲ့နံပါတ်၁
အိမ်တော်က သခင်လေးဝမ်ရိပေါ် တဲ့လား။Hotelရှေ့မှာ တစ်ယောက်ကိုတစ်ယောက်
ဖက်လျက်နဲ့ပုံတွေ ရိပေါ်သူ့ဆီမလာနိုင်အောင်
အလုပ်များနေခဲ့ပုံဘဲ။ဘယ်ဘက်ရင်ဘတ်ထဲနာလိုက်တာ ညက
ခုံပေါ်မှောက်အိပ်မိလို့ဘဲဖြစ်မှာပါ။ရိပေါ်ကြောင့် အချစ်တွေရှင်သန်လာတယ်
ရိပေါ်ကြောင့် သူ့စိတ်တွေသေပြန်တယ်
ဒီလိုနဲ့ ရှောင်းကျန့်ငရဲကျရတယ်။"ကိုကို''
Studioအခန်းတံခါးကိုခေါက်ရင်းခေါ်တယ်
မင်းအတွက်တံခါးအမြဲတမ်းဖွင့်ထားတယ်ရိပေါ်
မင်း လာလာ မလာလာပေါ့။"ဝင်ခဲ့လေ တံခါးဖွင့်ထားတယ်''
"ကိုကို သတင်းတွေ့ပီးပီလား''
ပုံမှန်ဘာမှမဟုတ်သလိုပါဘဲ မနက်ကသောက်တဲ့
ကော်ဖီအရသာ အကြောင်း ရာသီဥတုအကြောင်း
ပြောသလိုလေးမေးတယ်။

VOUS LISEZ
W.I.T.H...Y.O.U(Complete)
Fanfictionတိုးတိုး တိတ်တိတ် ဆိတ်ဆိတ် ကလေးပါဘဲ ဘယ်လောက်ချစ်ခဲ့ကြောင်းပြောမယ် ပီးရင် ကျွန်တော်တို့လက်တွေ့ကျကျ ဝေးကြမယ် တိုးတိုး တိတ်တိတ် ဆိတ်ဆိတ် ကလေးပါဘဲ ဘယ်လောက်ချစ်ခဲ့ကြောင်းပြောမယ် ပီးရင် ကျွန်တော်တို့လက်တွေ့ကျကျ ဝေးကြမယ်