Part(24)

5.1K 474 10
                                        

Zawgyi

."ရှောင်းကျန့် ရှင်ကဒီလိုဆိုမှတော့ ကျွန်မကို
အပြစ်မတင်နဲ့''

ဖုန်းကိုထုတ်ပီး နံပါတ်တစ်ခုကိုရွေးချယ်လိုက်တယ်
အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးရှောင်းကျန့်

"မင်းတို့အစီအစဉ်ကိုစလိုက်တော့''

ရိပေါ်ဒီအိမ်ကိုသေလောက်အောင်မုန်းပေမယ့်
အမေ့အငွေ့အသက်တွေရှိခဲ့တာမို့ ပြန်မလာဘဲ
တော့မနေနိုင်ခဲ့

"Bossက စာကြည့်ခန်းထဲမှာသခင်လေး''

အဖေ့အတွင်းရေးမှူးကအိမ်အဝင်ဝကနေစောင့်
နေတာကြောင့် သူ့နောက်ကနေသာရိပေါ်
လိုက်ခဲ့လိုက်တယ်

"ဘာပြောစရာရှိလို့လဲ''

စာကြည့်ခန်းထဲမှာတော့ နံရံပေါ်ကဓာတ်ပုံ
တစ်ပုံကိုမတ်တပ်ရပ်လို့သေသေချာချာ
ကြည့်နေတဲ့သူ့အဖေ
ဓာတ်ပုံကသူ့အဖေနဲ့ ရှောင်းကျန့်အဖေရဲ့ပုံ

"ဒီလကုန်ရင် မင်းနဲ့ဖေးဖေးလက်ထပ်ရမယ်''

"လက်မထပ်နိုင်ဘူး''

"ဝမ်ရိပေါ် ''

လက်ထဲကခွက်ကိုကြမ်းပြင်ပေါ်ပစ်ပေါက်လိုက်တဲ့
သူ့အဖေကို ရိပေါ်စိတ်ပျက်စွာကြည့်လိုက်တယ်
အမြဲတမ်းအော်ဟစ်ကြိမ်းမောင်းနေတဲ့ဒီလူကို
အမေဘာကြောင့်များလက်ထပ်ခဲ့ရတာလဲ

"ရှောင်းကျန့်နဲ့မင်းအတူနေလို့မရဘူးရိပေါ်''

"သူ့ကိုလုံးဝမထိပါနဲ့ မဟုတ်ရင်ကျွန်တော့အဆိုး
မဆိုနဲ့''

ရိပေါ်သေစေလောက်တဲ့ အငွေ့အသက်တွေထုတ်
လွတ်ပီး သူ့အဖေကိုကြည့်လိုက်တယ်
ရှောင်းကျန့်ကိုထိရင် ဘယ်သူဖြစ်ဖြစ်သူဦးနောက်
ဖောက်ထုတ်ပစ်မယ်

"ငါမထိပါဘူး အေး မင်းလည်းသူ့ကိုထိလို့မရဘူး
ရိပေါ် မင်းနဲ့သူဒီတစ်သက် ဘယ်လိုမှအတူနေလို့
မရဘူး''

"ဘာလို့လဲ ခင်များချစ်တဲ့ အဲဒီလူရဲ့သားဖြစ်နေလို့
လား
ကျူပ်တို့အတူရှိနေရင် ခင်များတို့နစ်ယောက်အတွက်
အဆင်မပြေဖြစ်လို့လား
အဲ စောက်လူကြီးက ကျုပ်အမေဆီကနေခင်များကိုကျအရှက်မရှိ လုယူပီး သူ့သားကျတွန့်တိုနေ
တာလား''

W.I.T.H...Y.O.U(Complete) Where stories live. Discover now