Part(14)

5.5K 549 9
                                        

Zawgyi

""ရှောင်းကျန့်ကောကော''

"အော် ဟွာဖေးဖေးတစ်ယောက်တည်းလား
ဟို ရိပေါ်တို့ရော''

မီတာ၅၀၀အပြေးပြိုင်ပွဲကိုစောင့်ကြည့်ပေးနေတဲ့
ရှောင်းကျန့်ရဲ့ နဘေးကိုတစ်ယောက်တည်း
ရောက်လာတဲ့ ဟွာဖေးဖေးကြောင့်အံ့သြသွားတယ်

"ရိပေါ်ကောကောလား ခနဆိုပီးဟောက်ရွှမ်းနဲ့
ထွက်သွားတယ် သန့်စင်ခန်းသွားတယ်ထင်တယ်''

"အော်''

မိန်းခလေးတွေနဲ့သိပ်ပီးအရောတဝင်မရှိလှတာမို့
ရှောင်းကျန့်ဘာပြောရမှန်းမသိ
တိတ်တဆိတ်နဲ့သာ ကွင်းထဲက ကလေးတွေကို
သာကြည့်နေလိုက်တယ်

"ရှောင်းကျန့်ကောကောနဲ့ ရိပေါ်ကောကောက
အရမ်းခင်တဲ့ပုံဘဲနော်''

ပြုံးနေပေမယ့် အသက်မပါတဲ့မျက်လုံးတွေရဲ့
အကြည့်ကို ရှောင်းကျန့်သိတယ်

"ဟူတ်လား''

"ဟူတ်တယ် ရိပေါ်ကောကောရဲ့အကြည့်တွေက
အရမ်းရင်းနှီးတဲ့သူကိုကြည့်နေတဲ့အကြည့်မျိုး''

ရင်းနီးတယ်တဲ့လား ဟင့်အင်းသူတို့က နီးမလိုလိုနဲ့
ဝေးကွာနေလိုက်တာများ ရိပေါ်ကရှောင်းကျန့်
အတွက်ကောင်းကင်လိုလူ တွေ့မြင်နိုင်ပေမယ့်
ပွေ့ဖက်ထိတွေ့ခွင့်မရှိတာမျိုး

"ဟုတ်လား''

အရံလူဟာ အရံလူပါဘဲ ရိပေါ်ကသူ့ထက်ပိုတဲ့
ပျော်ရွှင်မူ့မျိုးနဲ့ထိုက်တန်တာ
ဘယ်လောက်ငိုငို လမင်းဟာကြွေမှကျမလာနိုင်
တာမို့ ငေးကြည့်ပီးနာကျင်ရလဲဖြစ်ပါတယ်

"သတိထား''

ရုတ်တရက်အော်လိုက်တဲ့အသံတွေနဲ့ ကြိုးပြတ်ပီး
သူတို့အပေါ်ကျလာတဲ့ အလံတိုင်တွေ
ရှောင်းကျန့် လန့်ပီးထိုင်လျက်လှဲကျနေတဲ့
ဟွာဖေးဖေးကိုအုပ်မိုးလိုက်တော့ သူ့ကျောပေါ်
အလံတိုင်တွေပိကျလာတယ်

"အား''

"ရှောင်းကျန့်''

သူ့တို့ဆီပြေးလာတဲ့ကလေးတွေနဲ့ ကျန်းချန်က
သူ့ကိုဆွဲထူပေးတယ် ပခုံးနဲ့လက်မောင်းရိုးတွေက
လုပ်မရတော့ ကျိုးပီးထင်တယ်

W.I.T.H...Y.O.U(Complete) Where stories live. Discover now