Zawgyi
"ကိုကို စောင့်ရတာကြာသွားလား''
သူ့ဆီလျောက်လာတဲ့ကောင်လေးက ချွေးတွေရွဲလို့
"ဟင့်အင်း မကြာပါဘူး ''
အဖွဲ့တွေနဲ့အောင်ပွဲခံနေတဲ့ ရိပေါ်က သူ့နား
မလာနိုင်ခဲ့ ထိုင်စေခဲ့တဲ့နေရာမှာဘဲစောင့်နေရုံပေါ့
မနက်စောစောထလိုက်လာတာကြောင့်
ဗိုက်ကလည်းဆန္ဒပြနေပီ။"ကိုကို ကျွန်တော်ပြန်လိုက်ပို့လို့ မရသေးဘူး
တက်စီငှါးပြန်လိုက်ပါလား''ဒီလိုပါဘဲ ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တွေပေါ့
တွေ့မယ်ပြောပီး ရောက်မလာတဲ့အချိန်တွေရယ်
မအားဘူးဆိုတဲ့စကားနဲ့ပယ်ချခဲ့တဲ့
သူ့ဖုန်းcallတွေရယ် အဆင်ပြေပါတယ်။"ရိပေါ်''
"ဟူတ် ကိုကို''
"ဒီနေ့ ကိုကိုတို့ ချစ်သူဖြစ်တာ ၃လပြည့်လေ
အာ့တာလေ တကယ်လို့ရိပေါ် အားရင်
ညကျအိမ်လာခဲ့ပါလား ကိုကို ရိပေါ်ကို
ညစာချက်ကျွေးချင်လို့''မမှတ်မိမှန်းကြိုတွေးမိပေမယ့် တကယ်သိပုံမရတဲ့
ကောင်လေးရဲ့မျက်နာထားကြောင့် ရင်ဘတ်က
စူးစူးအောက်အောက်။
တစ်ခါတစ်လေသူတွေးမိတယ် သူ့ဘက်က
လိုလိုလားလားပေးနေခဲ့တဲ့ အချစ်တွေကို
ရိပေါ်ကလိုလိုချင်ချင်ရှိပါရဲ့လားလို့။"အင်းလာခဲ့မယ် ကိုကို''
လုံလောက်ပါပီ အားမှပေးတဲ့အချိန်တွေကိုလည်း
သူ့ဘက်ကမြတ်နိုးရပါတယ်
ပျော်ရွှင်ခြင်းလား နာကျင်မူ့လား ဘာဘဲဖြစ်ဖြစ်
ပေးတဲ့သူက ရိပေါ်ဖြစ်သမျ။✡ ✡ ✡ ✡ ✡ ✡ ✡ ✡ ✡ ✡ ✡ ✡ ✡ ✡
တီးလုံးသံကဆူဆူညံညံ အခန်းထဲလူတွေလည်း
တိုးတိုးကျိတ်ကျိတ်။
Cနိုင်ငံရဲ့နံပါတ်တစ်အိမ်တော်က သခင်လေးဆိုတဲ့
ဂုဏ်ကြောင့် ရိပေါ်ရဲ့ပါတီမှာ ကာလာစုံလို့
အဆင့်အတန်းမြင့်အိမ်တော်ကသခင်လေးတွေ
တက်သစ်စမင်းသမီးတွေ အကုန်လုံးကရည်ရွယ်
ချက်ကိုယ်စီ။"ရိပေါ် မင်းမသွားသေးဘူးလား''
ညကနက်သထက်နက်လာပီ ရိပေါ်ကလည်း
ရီရီဝေဝေ ကောင်မလေးတွေကြားနစ်နေတဲ့
ရိပေါ်ကို ဟောက်ရွှမ်းဆွဲထုတ်ရတယ်။

YOU ARE READING
W.I.T.H...Y.O.U(Complete)
Fanfictionတိုးတိုး တိတ်တိတ် ဆိတ်ဆိတ် ကလေးပါဘဲ ဘယ်လောက်ချစ်ခဲ့ကြောင်းပြောမယ် ပီးရင် ကျွန်တော်တို့လက်တွေ့ကျကျ ဝေးကြမယ် တိုးတိုး တိတ်တိတ် ဆိတ်ဆိတ် ကလေးပါဘဲ ဘယ်လောက်ချစ်ခဲ့ကြောင်းပြောမယ် ပီးရင် ကျွန်တော်တို့လက်တွေ့ကျကျ ဝေးကြမယ်