Zawgyi"ဒါကဘာသဘောလဲ''
"ရိပေါ် လူကြီးတွေရှေ့မှာဘယ်လိုပြုမူနေတာလဲ''
ကြယ်ငါးပွင့်အဆင့်ဟော်တည်ရဲ့ VVIPအခန်းဟာ
ရိပေါ်အတွက်ရှောင်းကျန့်အိမ်လေးလောက်
နွေးထွေးလို့မနေ"ကဲ လာလာစားကြတာပေါ့''
ရိပေါ်သူ့အပါးကိုမကြည်ပေမယ့် လူတွေရှေ့မှာ
အရှက်တကွဲမဖြစ်စေချင်တာမို့ အောင့်အီးသည်းခံ
နေရတယ်
အရေးကြီးလို့ပြန်လာပါဦးဆိုတာ ဟွာဖေးဖေးရဲ့
မိသားစုနဲ့ဟော်တည်မှာထမင်းစားဖို့လား
ကိစ္စတွေကထင်သလောက်မရိုးစင်း
ထင်သလိုမဟုတ်ပါစေနဲ့လို့ဘဲတွေးရမယ်"သား ရိပေါ်လည်းထည့်စားလေ ဖေးဖေး
နင့်ကောကောကိုဟင်းခပ်ထည့်ပေးလိုက်လေ''စားပွဲပေါ်ကဟင်းတွေကိုကြည့်ရင်း ရိပေါ်
မဲ့ပြုံးတစ်ချက်ပြုံးတယ်
အိမ်မှာကျန်ခဲ့တဲ့ယုန်ပျင်းလေး ထမင်းကိုလက်တစ်
ဖက်တည်းစားရတာအဆင်ပြေပါ့မလား
ခွံ့ကျွေးမယ့်သူမရှိလို့မစားဘဲများနေနေမလားစားသောက်ပီးလို့စကားထိုင်ပြောနေကြတဲ့
သူ့အပါးနဲ့ဟိုမိသားစုရဲ့စကားဝိုင်းကို ရိပေါ်
စိတ်မဝင်စားတာမို့ ဖုန်းဖွင့်ပီးဂိမ်းထိုင်ဆော့
နေလိုက်တယ်ခင်များမရှိတဲ့အရပ်မလို့ထင်တယ်ရှောင်းကျန့်
ကျွန်တော့်မှာစိတ်နဲ့လူနဲ့တောင်မကပ်"ရိပေါ်ကောကော''
"ဟားဟား သူတို့လူငယ်ချင်းလည်းအဆင်ပြေ
နေတာဘဲဟာ''သားပေးသမီးယူ စီးပွားရေးအရထိုးကျွေးနေကြတဲ့
လူချမ်းသာတွေရဲ့ရိုးရာ ကစားပွဲပါဘဲ
သူက သူ့အဖေရဲ့စီးပွားရေးနောက်တစ်လှမ်းလှမ်းဖို့
သုံးတဲ့ကဒ်တစ်ကဒ်ဖြစ်ခဲ့ရုံ"ကျွန်တော်က အပါး အတွက်ဘာလဲ''
"ရိပေါ်''
"ပြန်တော့မယ် နောက်ထပ်မဆက်သွယ်ပါနဲ့တော့''
"ဝမ်ရိပေါ်''
ထွက်လာတဲ့နောက်ကအသံတွေကိုရိပေါ်ဂရုမစိုက်
တံခါးကိုသာဆွဲဖွင့်လိုက်တော့ မထင်မှတ်စရာ
အုံကြွနေတဲ့ သတင်းထောက်တွေ
YOU ARE READING
W.I.T.H...Y.O.U(Complete)
Fanfictionတိုးတိုး တိတ်တိတ် ဆိတ်ဆိတ် ကလေးပါဘဲ ဘယ်လောက်ချစ်ခဲ့ကြောင်းပြောမယ် ပီးရင် ကျွန်တော်တို့လက်တွေ့ကျကျ ဝေးကြမယ် တိုးတိုး တိတ်တိတ် ဆိတ်ဆိတ် ကလေးပါဘဲ ဘယ်လောက်ချစ်ခဲ့ကြောင်းပြောမယ် ပီးရင် ကျွန်တော်တို့လက်တွေ့ကျကျ ဝေးကြမယ်