Part(4)

6.2K 592 2
                                        

Zawgyi

"ရိပေါ် တော်တော့လေ ဒီမှာအာရုံစိုက်လို့မရဘူး''

အရင်ကတိတ်ဆိတ်ခဲ့တဲ့ ရှောင်းကျန့်ရဲ့
studioခန်းလေး အခုတော့ဝမ်ရိပေါ်ဆိုတဲ့
အစိမ်းလုံးလေးရဲ့ ကစားကွင်းဖြစ်လို့

သူ့ကိုလာရှာတာဆိုတဲ့ကောင်လေးက စကိတ်တစ်ခုနဲ့ အခန်းတစ်ခုလုံးမွစာကြဲအောင် ဆော့ထားတယ်

ကျောင်းချင်းတူပေမယ့် မတွေ့ဖြစ်တဲ့ရက်တွေက
ခပ်စိပ်စိပ် ရိပေါ်ကလည်း လူတွေရှေ့ဆို
ခပ်စိမ်းစိမ်း ဒီလိုပါဘဲ တိတ်တိတ်ဆိတ်ဆိတ်
နဲ့ရှေ့ဆက်ခဲ့တဲ့ နေ့လရက်တွေ

"မဆော့နဲ့တော့ ပေကုန်ပီမလား ကိုကို့နားလာခဲ့''

ပြန်မပြောတတ်တဲ့ ရိပေါ်ဟာ နားတော့ထောင်သား
သူ့ခြေထောက်နား စကိတ်ကိုဖင်ခုထိုင်လို့

"ကိုကို''

"အွန်း''

"မနက်ဖြန်ကျွန်တော်ပြိုင်ပွဲရှိတယ်''

ဖြူဖြူနုနုရှိလှတဲ့ ရှောင်းကျန့်ရဲ့ အစိမ်းလုံးလေးဟာ
ဘက်စုံထူးချွန်သလို အန္တရာယ်များလှတဲ့ ဝါသနာ
တွေကလည်း အပေါသား

တစ်ခါတစ်လေ ဒဏ်ရာအနာတရလေးများရရင်
ပေတေနေတတ်တဲ့အဆိုးအဆာလေးကြောင့်
ရှောင်းကျန့်ရဲ့လွယ်အိတ်ထဲ ဆေးတွေနေရာ
ယူခဲ့တာကြာပီ

"ဂရုစိုက်နော် သိတယ်မလား ကိုကိုစိုးရိမ်တာ''

ပြောလည်း စကားနားမထောင်တတ်တဲ့ကောင်လေး
ကြောင့် သူ့မှာလည်းဝဠ်ကြွေးကြီးရှာတယ်
ပျော်ရွှင်ရတာဖြစ်ဖြစ် စိတ်ဒုက္ခဘဲဆိုဆို
ကောင်လေးပေးတာမှန်သမျ သူ့မှာမြတ်နိုးရတယ်

"လိုက်ခဲ့ပါလား''

တစ်ခွန်းတည်း စကားလေးတစ်ခွန်းတည်းက
သူ့အတွက် တငေးတမော တအံ့တသြဖြစ်စေတယ်
ပတ်သက်ခဲ့ပေမယ် ရိပေါ်ရဲ့ဘဝထဲသူမဝင်ရောက်
နိုင်ခဲ့တာ

လူရှေ့ဆို သူစိမ်းတွေလိုရိပေါ်ကနေတတ်တယ်
အင်း ရိပေါ်ဘက်က စိမ်းလေ့ရှိတဲ့ သူပေါ့
တစ်ခါတစ်ရံမှ ပေးတတ်တဲ့ရေးတေးတေးကြင်နာ
မူ့အချို့နဲ့ဘဲ သူဒီလမ်းကိုဆက်လျောက်ခဲ့တာ

W.I.T.H...Y.O.U(Complete) Donde viven las historias. Descúbrelo ahora