Zawgyi
"မင်းပြောစရာရှိရင်လည်း coffeeဆိုင်ကောင်း
ကောင်းလေးတစ်ဆိုင်မှာ အေးအေးဆေးဆေး
စကားပြောလို့ရတယ်လေကွာ အခုလိုလုပ်တော့
ငါလည်းအဆင်မပြေဘူး မင်းလည်းအခန့်မသင့်ရင်
jail အောင်းရနိုင်တယ်နော်''"ကျွန်မလည်း ဒီလိုမလုပ်ချင်ပါဘူး ဒါပေမယ့်
ရှင်ကခေါင်းအရမ်းမာနေတော့လည်းခက်သား
မဟုတ်လား''ခုံနဲ့တွဲလျက်ချည်ထားတဲ့ကြိုးခပ်တင်းတင်းကြောင့်
ရှောင်းကျန့်လက်တွေထုံလာတယ်
စကားပြောရုံလေးဘဲတဲ့လား ရီရတယ်"ကဲပါ ဝေ့လည်ကြောင်ပတ်လုပ်မနေဘဲလိုရင်းဘဲ
ပြောရအောင် ဘာကိစ္စလဲ ဘာလိုချင်လို့လဲ''"ရှင်တကယ်ဘဲ ဝမ်ရိပေါ်ကိုလက်မလွတ်နိုင်ဘူးလား''
လက်လွတ်ရမှာလား အစတည်းကဖမ်းဆုတ်ထား
ခဲ့တာမှမဟုတ်တာ
မျက်နာချင်းဆိုင်လျှက်နဲ့ ဝေးနေခဲ့တဲ့ရက်စွဲတွေ
အကြောင်း ဘယ်နည်းဘယ်ပုံဆိုရဦးမှာလား"မင်းကိုငါပြောခဲ့ပီးသားလို့ထင်တယ် ငါရိပေါ်ကို
ဘယ်တုံးကမှဆွဲမထားခဲ့ဘူး
ဘယ်လိုရစ်နှောင်မူ့မျိုးမှ ငါနဲ့ရိပေါ်ကြားမှာမရှိဘူး
သူသာဆန္ဒရှိရင် ငါ့ဆီကအချိန်မရွေးထွက်သွား
နိုင်တယ် ''"သူ့ဆန္ဒတွေမှမပြည့်သေးတာ သူကဘယ်လိုလုပ်
ရှင့်ဆီကနေထွက်လာမလဲ ''ဆန္ဒဟုတ်လား ရိပေါ်ကဘယ်လို လိုအင်မျိုးများ
သူ့ဆီကလိုအပ်ခဲ့လို့လဲ"ရှင်မတွေးမိဘူးလား ဝမ်ရိပေါ်နဲ့ရှင်တွဲနေတာဖြင့်
ဒီလောက်ကြာနေပီ သူတစ်ခါမှရှင့်ကိုချစ်တယ်လို့
မပြောဖူးဘူးမလား
လူရှေ့သူရှေ့ရှင်နဲ့တွဲပီးသွားလာတာမျိုးမလုပ်ဘူး
လေ ကျောင်းမှာတောင် သူရှင့်ကိုမသိချင်ယောင်
ဆောင်နေတတ်တာ ဘာကြောင့်များလဲလို့လေ''ရှောင်းကျန့် ပါးစပ်ဟလိုက်ပေမယ့် ဘာပြောရမှန်း
သူမသိ
ဒီမေးခွန်းတွေက သူတမင်လစ်လျူရူ့ထားခဲ့တဲ့
သိလိုစိတ်တွေလေ
တစ်ချို့သောအရာတွေက သိလိုက်ရမှ ပိုနာကျင်
တတ်ရတယ်တဲ့ သူ့ကိုယ်သူမေးကြည့်ဖို့
ရှောင်ဖယ်နေခဲ့တာ မတည်မြဲခဲ့တဲ့ ခပ်ယိုင်ယိုင်
ပတ်သက်မူ့တစ်ခုကို ဆက်ပီးဆုတ်ကိုင်ထားနိုင်
မလားဆိုတဲ့စိတ်နဲ့ ရူးသွပ်ခဲ့မူ့တွေပေါ့

VOUS LISEZ
W.I.T.H...Y.O.U(Complete)
Fanfictionတိုးတိုး တိတ်တိတ် ဆိတ်ဆိတ် ကလေးပါဘဲ ဘယ်လောက်ချစ်ခဲ့ကြောင်းပြောမယ် ပီးရင် ကျွန်တော်တို့လက်တွေ့ကျကျ ဝေးကြမယ် တိုးတိုး တိတ်တိတ် ဆိတ်ဆိတ် ကလေးပါဘဲ ဘယ်လောက်ချစ်ခဲ့ကြောင်းပြောမယ် ပီးရင် ကျွန်တော်တို့လက်တွေ့ကျကျ ဝေးကြမယ်