Part(12)

5.5K 550 4
                                        

Zawgyi

ရှောင်းကျန့် နိုးလာတော့ သူ့တစ်ကိုယ်လုံးလုပ်မရ
တင်းကြပ်နေအောင် ပွေ့ဖက်ခံထားသလို

"ရိ..ပေါ်''

မျက်လုံးဖွင့်လိုက်တော့ ပထမဆူံးမြင်ရတာက
ရိပေါ်ရဲ့ ဖွေးဖွေးဥဥမျက်နာလေး အိမ်မက်များလား ဆိုပီးသူ့ကိုယ်သူဆွဲဆိတ်ကြည့်တော့ နာတယ်ဟ

အိပ်နေတဲ့အချိန်မှာတောင် ရိပေါ်ရဲ့ဆွဲဆောင်မူ့က
နည်းနည်းလေးမှလျော့ကျမသွား
တိကျတဲ့မေးရိုးနဲ့ဖောင်းဖောင်းအစ်အစ်ပါးလေးက
ယောကျာ်းဆန်စေသလို ကလေးတျောက်လို
ချစ်စရာကောင်းပြန်ရော

ဒီလူသားလေးကိုတစ်ချိန်ချိန်မှာ သူအပိုင်ရမလား
ဆိုပီး တွေးကြည့်ဖူးတယ် ရူးတာပါဘဲ
ရိပေါ်ကသူ့အတွက်ဆို အများဆိုင်နာမ်

အချိန်ရှိသရွေ့ချစ်မယ် အရမ်းနာကျင်လာတဲ့အခါ
ဘယ်သူက ဘယ်သူ့အတွက်မှဖြစ်မလာတဲ့အခါ
ဝေးကြတာပေါ့....ရိပေါ်

"ကိုကို နိုးပီလား သက်သာလား''

"အင်း သက်သာတယ်''

"ဗိုက်ဆာလား ကျွန်တော်ပုစွန်ဖက်ထုပ်ဝယ်လာ
တယ် ''

"အင်း ''

ရှောင်းကျန့်ထိုင်ခုံမှာထိုင်ရင်း ရိပေါ်လုပ်သမျ
ကြည့်တယ် မျက်တောင်ခတ်မိရဲ့လားတောင်မသိ

တတ်နိုင်သမျ ရိပေါ်နဲ့ပတ်သက်တဲ့အမှတ်တရတွေ
စုထားမယ် တစ်ချိန်ကျရင်တွေးတွေးပီးလွမ်းရအောင်

"စားလေ ပူပူလေးဖြစ်အောင် ပြန်နွေးထားတာ''

"အင်းပါ ပြန်လာတာကြာပီလား''

ရိပေါ်ကသူမေးတာမဖြေ အိပ်ခန်းထဲဝင်သွားပီး
ခနကြာတော့ ပြန်ထွက်လာတယ်
လက်ထဲမှာအနွေးထည်နဲ့
သူ့ကိုဝတ်ပေးတယ်

"အင်း ကျွန်တော်ပြန်လာတော့ ကိုကိုကမေ့လှဲ
နေတာလေ ဘယ်လိုတောင်ပေါ့ဆရတာလဲ
ကျွန်တော်သာပြန်မလာရင်ဘယ်လိုလုပ်မလဲ''

ရိပေါ်စကားကြောင့် ရှောင်းကျန့်ပြုံးလိုက်မိတယ်
အရင်တည်းက ဝင်ရောက်လာတဲ့ရိပေါ်က
တကယ်ရော သူ့ဘဝထဲတည်ရှိခဲ့လို့လား
ရိပေါ်ဝင်ရောက်လာခြင်းကအစစ်အမှန်ဟုတ်ရဲ့လား

W.I.T.H...Y.O.U(Complete) Donde viven las historias. Descúbrelo ahora