Part(5)

5.9K 566 3
                                    

Zawgyi

"မင်းဘာတွေလုပ်နေတာလဲ ဒီရက်ပိုင်းအိမ်လဲ
ပြန်မအိပ်ဘူးဆို''

ကျစ် တမင် မရှိလောက်မယ့်အချိန်ပြန်လာပါတယ်
ဆိုမှ

"ဒါကဘာသဘောလဲ ဝမ်ရိပေါ် ဘယ်ကိုသွားဦး
မလို့လဲ''

ဒီ အဖေဆိုတဲ့လူရဲ့
မျက်နာကိုတွေ့လိုက်တိုင်း သွေးအိုင်ထဲလှဲနေတဲ့
အမေ့ကို ပြန်မြင်ယောင်လာတာမို့
တတ်နိုင်သမျ မျက်နာချင်းမဆိုင်ရအောင်နေခဲ့တယ်

"အဟက် ဘာလဲ ခင်များလူဘယ်သွားပြန်ပီလဲ
ကျုပ်ဆီအာရုံလာစိုက်နေရအောင်''

"ဝမ်ရိပေါ်''

တင်းထားတဲ့စိတ်တွေက လွတ်ထွက်ချင်နေပီမို့
လက်သီးကိုသာ နာနာဆုတ်ထားမိသည်

"ခင်များတို့လွတ်လွတ်လပ်လပ်ချစ်လို့ရအောင်
အမားသေပေးပီးပီဘဲ ကွကိုယ်သာပျော်ပျော်
ကြီးနေစမ်းပါ''

အခန်းတံခါးကို ပိတ်ရင်း စိတ်ကိုလွတ်ချလိုက်တော့
ကြမ်းပြင်ပေါ် အရုပ်ကြိုးပြတ်
လွတ်မြောက်ဖို့ကြိုးစားလည်း ဒီသံသရာဝဠ်ဆင်းရဲ
ထဲ တဝဲလည်လည်ပါဘဲ
ရင်ဘတ်တစ်ခြမ်းလည်းနာကျင်ရလွန်းလို့ထုံထိုင်း
ချင်လာတယ် ဘယ်သူမှမရှိတဲ့ သူ့ကမ္ဘာပြိုကျနေ
တာဘယ်သူသထိထားမိလဲ

လစ်ခနဲပါဘဲ ရေးတေးတေးလေးသတိရမိတဲ့
ရွှေရောင်မှန်ကိုင်းအောက်က မျက်ဝန်းတောက်
တောက်ကလေး
ထိခိုက်ရှနာခြင်းမရှိတဲ့ မိုးကုတ်စက်ဝိုင်းဆီ
သွားချင်တယ် သက်ညာသနားသောအားဖြင့်
ခေါ်သွားပေးနိုင်မလား

:::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

"ဒီမှာဘဲထိုင်နေ''

"အွန်း အွန်း''

အချိန်ကရောက်တော့မှာမို့ ရှောင်းကျန့်ကိုသေသေ
ချာချာနေရာချပေးရတယ်

စိတ်ကသိပ်ကြေနပ်သေးတာမဟုတ်လို့ ကိုယ်ပေါ်က
အနွေးထည်ကိုချွတ်ပီး ရိပေါ်ဝတ်ပေးလိုက်တယ်
သူသွားခေါ်တော့ အိပ်ယာက ကမန်းကတန်းထလာတာမို့ထင် ညအိပ်ဝတ်ပါးပါးလေးနဲ့

ဒီလူကလေ သူ့မျက်စိထဲ ဘယ်လိုနေနေသဘောကျ
လို့ကိုမရဘူး မနက်စောစောအေးတာမသိဘူးလား
သူ့လောက်အအေးကြောက်တာလဲနစ်ယောက်မရှိဘဲ
စိတ်ပျက်ဖို့ကောင်းလောက်အောင် ပေါ့ပျက်ပျက်နိုင်
လွန်းတယ်

W.I.T.H...Y.O.U(Complete) Where stories live. Discover now