Part(3)

6.9K 634 3
                                        

Zawgyi

"ရှောင်းကျန့် ရှောင်းကျန့်''

"အင်း ''

studio အခန်းထဲထိပျံ့လွင့်လာတဲ့ကျန်းချန်
ရဲ့အသံကြောင့် သူ့အာရုံတွေကင်းဘတ်စပေါ်
ကနေ လက်တွေ့ကာလဆီပြန်ရောက်လာတယ်

"မင်း သိပီးပီလား''

"ဘာကိုလဲ''

"မနေ့က မင်းကိုလိုက်နှောက်ယှက်တဲ့ ဗိသုကာ
ဌာနက တျောက်လေ သူကျောင်းထွက်သွားပီ''

"ဘယ်လိုဖြစ်တာလဲ''

"ငါလည်းသေချာမသိဘူး ကြားတာတော့
ဟို Wang မိသားစုက ဝမ်ရိပေါ်နဲ့ပြသနာတက်
ပီး မကြာပါဘူး သူ့အဖေကုမ္ပဏီပါ ဒေဝါလီ
ခံလိုက်ရတယ်တဲ့''

"အော်''

ဝမ်ရိပေါ်ရဲ့နာမည်ကြားတာနဲ့ တည်ငြိမ်နေတဲ့
နလူံးခုန်သံတွေ မူမမှန်တော့
ဘယ်တည်းက စခဲ့မှန်းမသိပေမယ့် သူ့ကမ္ဘာ
မှာအစိမ်းရောင်တွေဝေဝေဆာဆာ

"ဘာလို့ အဲဝမ်ရိပေါ်ဆိုတဲ့ကောင်နဲ့မှ
သွားငြိရတာလဲမသိဘူး အဲကောင်က မိသားစု
အားကိုးနဲ့ မိုက်နေတဲ့ အဆိုးအပေ''

ကျန်းချန်စကားကြားတော့ အမြဲမျက်မှောင်ကျုတ်
ထားတတ်တဲ့ မျက်နာနုနကလေးကို
သွားသတိရပြန်ရော တခုတ်တယမဟုတ်ပေမယ့်
အကြောင်းတိုက်ဆိုင်တိုင်း သတိရတတ်တာမျိုး

"ဒါကတော့ သူက Cနိုင်ငံရဲ့နံပါတ်တစ်အချမ်းသာ
ဆုံးမိသားစုက သခင်လေးကိုး''

ဘယ်တည်းကတိမ်းညွတ်နေမှန်းမသိခဲ့တဲ့သူ့စိတ်
တွေက မသက်ဆိုင်ခြင်းဆိုတဲ့ရပ်ဝန်းမှာတောင်
ဒီလူသားအတွက် ရပ်တည်နေမိတာမျိုး

"ထားပါ အင်တာဗျူးချိန်ရောက်တော့မယ်
ငါတို့အသင်းဝင်ဖို့စာရင်းပေးထားတဲ့
ကလေးတွေများတယ်ကွ''

"တော်တော်များလား''

"ဒါပေါ့ အသင်းဥက္ကဋ္ဌကအရမ်းတွေချောနေတော့
ဝင်ချင်တဲ့ကောင်မလေးတွေအများကြီး''

"လက်ထောက်ကျန်းရဲ့ ခန့်ညားတဲ့မျက်နာကြီး
ကြောင့်လည်းပါ ပါတယ်''

ခပ်ဆိတ်ဆိတ်ပါဘဲ သူ့ဘဝထဲဝမ်ရိပေါ်ဆိုတဲ့
ကောင်လေးတစ်ယောက်တိုးတိုးတိတ်တိတ်နဲ့
အခြေချခဲ့တယ်

W.I.T.H...Y.O.U(Complete) Where stories live. Discover now