Zawgyi
အဆုံးမရှိတဲ့ စတင်ခြင်းကိုဘာလို့ခေါ်ရမလဲ
ထပ်တူကျခွင့်မရှိတဲ့ နီးစပ်ခြင်းဟာလည်း
ငရဲတစ်မျိုးပါဘဲဘယ်လိုစိတ်မျိုးနဲ့ မျက်နာချင်းဆိုင်ရမလဲမသိတော့တဲ့
အခါ နေ့ရက်တိုင်းရိပေါ်ရှောင်းကျန့်ကိုရှောင်တယ်
ထိတွေ့ခွင့်မရှိတော့ရင်တောင် ငေးကြည့်ရင်းနဲ့
လည်းပျော်တတ်ခဲ့ရပါတယ်"အရာအားလုံးပီးဆုံးသွားရင် ကိုကိုဟာမင်းအတွက်
အိမ်မက်တစ်ခုလိုဖြစ်သွားမှာပါတဲ့''လားရှင်သန်သေဆုံးလိုချင်းဟာ ရှောင်းကျန့်လို့ခေါင်းစဉ်
တပ်ထားတဲ့အခါ သူမှမရှိရင်ဘာမှမရှိသလိုပစ္စုပ္ပန်နဲ့အနာဂတ်ဟာ ထိုသူ့မျက်ဝန်းလေးထဲ
လည်ပတ်နေခဲ့တော့ သံသရာကိုရှောင်းကျန့်
နာမည်ပေးထားလိုက်တယ်"မနက်စာ မစားသွားတော့ဘူးလားဟင်''
အဝတ်လှဲနေတုံး အခန်းထဲဝင်လာတဲ့ရှောင်းကျန့်
တိမ်ဝင်နေတဲ့လေသံသဲ့သဲ့နဲ့ အရင်လိုတောက်ပ
မူ့တွေလစ်လပ်နေတဲ့မျက်ဝန်းတစ်စုံဟာ
သူ့အပြစ်တွေရဲ့ သက်ရောက်မူ့လို့ ရိပေါ်တွေးမိ
တော့ မျက်နာချင်းဆိုင်ဖို့မဝံ့ရဲပြန်
မင်းနဲ့ဆိုရင် အရာရာငါ့မှာအားနည်းရတယ် ကိုကိုရာ"ဟင့်အင်း ကျွန်တော်အမြန်လိုနေလို့''
မဖြစ်သင့်မှန်းလည်းသိတယ် လူ့လောကရဲ့စည်းမျဉ်း
တွေနဲ့သွေဖယ်နေမှန်းလဲသိတယ် ဒါပေမယ့်
မင်းမရှိရင်မဖြစ်တဲ့ကောင်မို့ အတ္တကြီးကြီးနဲ့ဘဲ
ဆက်မိုက်ပါရစေ
သံသရာက ငရဲတွေကိုအဖန်တရာမက ငါဘဲခံပါ့မယ်ငေးနေတဲ့ကျောပြင်လေးဟာ တံခါးပိတ်ကျသွားတဲ့အခါ အခန်းထဲကလေထုအနုတ်ပြလာတယ်
ရှောင်းကျန့်မရပ်တန့်နိုင်စွာဘဲ တံခါးကိုမှီရင်း
ထိုင်ကျသွားတယ်
သွေးမထွက်တဲ့ပြတ်ရှရာတွေနာကျင်လာတဲ့အခါ
တီးတိုးရိုက်သံတွေဟာ အခန်းထဲပြန့်ကျဲလို့တံခါးရဲ့တစ်ဖက်ခြမ်းကကောင်လေးရဲ့ကမ္ဘာမှာ
တိမ်တွေညိုနေခဲ့ချိန် ထိုနည်းတူစွာတံခါးရဲ့တစ်ဖက်
ခြမ်းမှာကောင်လေးတစ်ယောက်ဟာလည်း
တိတ်တဆိတ် ကမ္ဘာဟာပြိုကျနေလေရဲ့....

VOCÊ ESTÁ LENDO
W.I.T.H...Y.O.U(Complete)
Fanficတိုးတိုး တိတ်တိတ် ဆိတ်ဆိတ် ကလေးပါဘဲ ဘယ်လောက်ချစ်ခဲ့ကြောင်းပြောမယ် ပီးရင် ကျွန်တော်တို့လက်တွေ့ကျကျ ဝေးကြမယ် တိုးတိုး တိတ်တိတ် ဆိတ်ဆိတ် ကလေးပါဘဲ ဘယ်လောက်ချစ်ခဲ့ကြောင်းပြောမယ် ပီးရင် ကျွန်တော်တို့လက်တွေ့ကျကျ ဝေးကြမယ်