Zawgyi"training မသွားဘူးလား ရိပေါ်''
"ဟင့်အင်း ဒီနေ့နားတယ်ကိုကို''
သူ့စာအုပ်စင်ကို မွေရင်းနှောက်ရင်း ရိပေါ်ဖြေတယ်
ကျောင်းပိတ်ရက်မို့ အိမ်မှာအေးဆေးအနားယူနေတဲ့
ရှောင်းကျန့် ဆီကို အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့
ပေါက်ချလာတယ် အိမ်ပေါ်ကဆင်းလာတာတဲ့လေ။"တကယ်ကြီး ကိုကို့ဆီမှာနေမလို့လား''
ရှောင်းကျန့်စိတ်ပူတယ် ဖူဖူလုံလုံထားနိုင်ပေမယ့်
ရွှေဇွန်းကိုက်မွေးလာတဲ့ကောင်လေးက သူ့အိမ်
သေးသေးလေးထဲ နေနိုင်ပါ့မလား။"နေမှာပါဆို ကိုကိုကမနေစေချင်လို့လား''
ဖွလို့ဝတော့မောသွားပီထင်ပါရဲ့ သူ့နဘေးရောက်
လာတယ် ပေပေတေတေနေတဲ့ကောင်လေးပါဘဲ
အနွေးထည်ကိုလည်း ကြမ်းပြင်ပေါ်ပစ်ချထားတယ်။"ကိုယ်လက်သွားသန့်စင်လိုက် ကိုကိုတို့
လိုအပ်တာလေးတွေသွားဝယ်ရအောင်''ရိပေါ်ဖွခဲ့တာတွေကိုပြန်ရှင်းရင်း ရှောင်းကျန့်ပြုံး
မိတယ် ဒီကောင်လေးကတဖြည်းဖြည်းနဲ့သူ့ဘဝထဲ
အတင်းဝင်ရောက်လာတာပါဘဲ။
ဘာမှမယူဘဲ ဆင်းခဲ့တာကိုဘဲကျေးဇူးတင်ရတယ်
သူ့ကမ္ဘာလေးထဲမှာတော့ ရိပေါ်ကိုသူ့လက်သူ့ခြေနဲ့
ဂရုစိုက်ချင်တယ်။သူ့နဲ့အပါးနစ်ယောက်တည်းရှိတာဆိုပေမယ့်
နယ်မြို့လေးကိုချစ်တဲ့ ဆရာဝန်မို့အပါးကသူ့နဲ့
အတူတူမနေ ကျောင်းတက်နေပေမယ့်လည်း
ကိုယ်ပိုင်စီးပွားရေးရှိတာမို့ ရိပေါ်ကိုတော့
သူကောင်းကောင်းမွန်မွန်ထားနိုင်ပါတယ်။"ဒီဟာလေးကောင်းမယ်ထင်တယ် ပီးတော့
ဒီဟာရောဘဲ ရိပေါ်ကြိုက်ရဲ့လား''အသုံးအဆောင်ပစ္စည်းတွေရွေးရင်း အာရုံများနေတဲ့
ရှောင်းကျန့် ပြန်လှည့်ကြည့်တော့ ရိပေါ်ကမရှိတော့။"ကိုကို ကိုကို ဒီဟာ ဒီဟာရော''
ဟော တွေ့ပါပီ legoတွေ တစ်ပွေ့တစ်ပိုက်ခြင်းထဲ
ခပ်တည်တည်ကောက်ပစ်ထည့်တယ်။"ရိပေါ် ရွေးလို့ပီးပီလား အဝတ်တွေဝယ်ရဦးမှာ''
"ဟူတ်ပီးပီ ဒီဟာနောက်ဆူံးဘဲ''

ESTÁS LEYENDO
W.I.T.H...Y.O.U(Complete)
Fanfictionတိုးတိုး တိတ်တိတ် ဆိတ်ဆိတ် ကလေးပါဘဲ ဘယ်လောက်ချစ်ခဲ့ကြောင်းပြောမယ် ပီးရင် ကျွန်တော်တို့လက်တွေ့ကျကျ ဝေးကြမယ် တိုးတိုး တိတ်တိတ် ဆိတ်ဆိတ် ကလေးပါဘဲ ဘယ်လောက်ချစ်ခဲ့ကြောင်းပြောမယ် ပီးရင် ကျွန်တော်တို့လက်တွေ့ကျကျ ဝေးကြမယ်