Zawgyi
ပစ္စုပ္ပန်မှာ သူ့ကံတရားတွေကျိန်စာသင့်ခဲ့ရအောင်
အတိတ်မှာရိပေါ်ဘာတွေများ မှားဖူးခဲ့လဲ
ဘယ်သူကမှားပီး ဘယ်သူကမှန်ခဲ့သလဲ
ဘယ်သူကနာကျင်ရပီး ဘယ်သူနာကျင်စေခဲ့လဲ
ဘယ်သူသိမလဲ ဒဏ်ရာတွေကတော့မသေရုံတမယ်"ဒီဘဝတော့ မင်းတို့နစ်ယောက်မဖြစ်နိုင်ဘူးရိပေါ်
လက်လျော့ပီး ကံတရားကိုသာလက်ခံပါတော့''ကံတရားတဲ့လား ဘယ်သူ့အတွက်လဲ
ဘယ်သူကစီရင်ချက်ချခဲ့တာလဲ ဒီကံကြမ္မာအတွက်
အပြစ်တင်ရမယ့်သူရယ်လို့မယ်မယ်ရရမရှိချစ်ရတဲ့သူရဲ့ဘဝကိုကာကွယ်ဖို့အတွက် မနှစ်သက်
တဲ့မိန်းမတစ်ယောက်ကိုလက်ထပ်ခဲ့တဲ့သူ့အဖေဆို
တဲ့လူကိုလားအချိန်တွေနှောင်းကုန်မှ အကြောင်းပြချက်တွေ
လာမေးခဲ့တဲ့ အဖေအရင်းဆိုတဲ့သူကိုလား
ကိုယ်တိုင်မသတ်ခဲ့ပေမယ့် သူ့အမေကမသေခဲ့တာ
မှမဟုတ်တာကိုယ်စီအကြောင်းပြချက်တွေနဲ့ ကိုယ်စီအမှန်တရား
တွေနဲ့
ကံကြမ္မာကိုအပြစ်တင်လည်း ဒီရင်နာစရာတွေက
နောက်ပြန်လှည့်လို့ရမယ့် ခြေလှမ်းတွေမရှိ
သူ့ကမ္ဘာကတော့ တတိတိပြိုပီးရင် ပြိုကျလို့အိမ်ထဲကဘယ်လိုထွက်လာခဲ့မှန်းမသိ
ဘယ်ကိုသွားရမယ်မှန်းမသိ
ရိပေါ် လမ်းတွေလျောက်ရင်းနဲ့ လမ်းပျောက်နေခဲ့ပီနစ်ထပ်တိုက်ပုပုသေးသေးလေးကို ရိပေါ်ငေးတယ်
အိမ်လေးကအပြာရောင်လွင်လွင်
အိမ်ပိုင်ရှင်လေးကလည်း အပြာရောင်လေး
သေးသေးလေးနဲ့နွေးထွေးစေတဲ့ ပိုးချည်လုံးလေးကိုယ့်ကိုကိုယ်တောင် ရှာမတွေ့ခဲ့တဲ့အချိန်တိုင်းမှာ
ရိပေါ် ဒီအိမ်ကလေးရဲ့အပြန်လမ်းကိုတော့
မှတ်မိစမြဲ
အမှတ်တမဲ့တိုင်းမှာ တည်ရှိခဲ့တဲ့ အမှတ်တရတွေ
ဒီအိမ်လေးနဲ့အပြည့်ပေါ့
အဆိပ်သင့်နေပီဖြစ်တဲ့ နလုံးသားတစ်စုံနဲ့
သူရှောင်းကျန့်ကိုဘယ်လိုထွေးပွေ့ရပါ့မလဲ"ရိပေါ် အိမ်ထဲမဝင်ဘဲဘာလုပ်နေတာလဲ''
"ကို ကို''
အဖြူရောင်လက်ရှည်လေးကိုတံတောင်ဆစ်နားအထိ
ခေါက်တင်ထားပီး အပြာရောင်ဂျင်းဘောင်းဘီ
နဲ့သပ်ရပ်နေတဲ့ ကိုကိုဟာ ရိပေါ်ရဲ့အနာဂတ်

VOUS LISEZ
W.I.T.H...Y.O.U(Complete)
Fanfictionတိုးတိုး တိတ်တိတ် ဆိတ်ဆိတ် ကလေးပါဘဲ ဘယ်လောက်ချစ်ခဲ့ကြောင်းပြောမယ် ပီးရင် ကျွန်တော်တို့လက်တွေ့ကျကျ ဝေးကြမယ် တိုးတိုး တိတ်တိတ် ဆိတ်ဆိတ် ကလေးပါဘဲ ဘယ်လောက်ချစ်ခဲ့ကြောင်းပြောမယ် ပီးရင် ကျွန်တော်တို့လက်တွေ့ကျကျ ဝေးကြမယ်