Part (10)

5.5K 562 1
                                    

Zawgyi

"အာ့ နာလိုက်တာ''

ကျောရိုးတစ်လျောက်နာကျင်မူ့က ရှောင်းကျန့်
ထထိုင်ဖို့တောင်ခက်ခဲစေတယ်
ဒါ သူ့အိပ်ယာ ရိပေါ်သူ့ကိုအိမ်ပြန်ခေါ်လာတာပေါ့။

အဖြစ်အပျက်တွေက မျက်လုံးထဲအစီအရီ
ရှောင်းကျန့်စောင်ထဲပြန်တိုးဝင်တယ်။
သူရှက်နေတုံးဘဲ
ရိပေါ်နဲ့သူ အဖြူရောင်စည်းကိုကျော်ခဲ့ပီ။

ချစ်ခြင်းမေတ္တာကိုအခြေခံတာမို့ သူ့ကမ္ဘာမှာ
ရိပေါ်ဟာ ဘယ်လောက်ဘဲ သူစိမ်းဆန်ဆန်
နစ်ယောက်စာ ဆတိုးလို့သူကချစ်မယ်
အကွာအဝေးကဘာအရေးရှိဦးမလဲ။

"၈နာရီတောင်ထိုးတော့မှာဘဲ''

အိမ်ခန်းထဲကထွက်လာတော့ ရိပေါ်ကရှိမနေ
ညစာ ထွက်ဝယ်တာထင်ပါရဲ့။

ဗိုက်ကလည်းဆာနေတာမို့ ရိုးရှင်းတဲ့ဟင်းတွေဘဲ
ရှောင်းကျန့်ချက်လိုက်တယ် ရိပေါ်လာရင်
အတူတူစားမယ်။

ရာသီဥတုအေးရင် တစ်ကိုယ်လုံးကိုက်ခဲတတ်တဲ့
ရှောင်းကျန့် ရိပေါ်ကိုအိမ်အပြင်ဘက်ကခုံလေးပေါ်
ကစောင့်တယ် လေတွေကအငြိုးနဲ့များတိုက်နေ
သလားဘဲ။

နာရီကိုကြည့်တော့ ၁၀နာရီ ရိပေါ်ပြန်မလာသေးဘူး
တစ်ခုခုများဖြစ်နေမလား ဖုန်းဆက်လိုက်ရမလား
ကိုင်ရောကိုင်ပါ့မလား မေးခွန်းပေါင်းများစွာနဲ့
ဗြာများနေတဲ့ရှောင်းကျန့် ဗိုက်ဆာနေတာတောင်။
မေ့လို့

"Hello''

ဖုန်းထဲကထွက်လာတဲ့ရိပေါ်ရဲ့အသံ
ဆူလို့ညံလို့ ဘယ်များရောက်နေပါလိမ့်။

"ရိပေါ် ကိုကိုပါ ညစာ စားပီးပီလားဟင်
မစားရသေးရင်ကိုကို...''

"စားပီးပီ ကျွန်တော်ကိစ္စလေးနည်းနည်းရှိလို့
ကိုကို့ ကိုအိမ်ပြန်ပို့ခဲ့လိုက်တာ''

"အော်''

"ရိပေါ်ကောကော မပီးသေးဘူးလားဟင်
ရိပေါ်ကောကောရဲ့ အလှည့်ရောက်ပီ''

မိန်းခလေးတစ်ယောက်ရဲ့ နူးညံ့လွန်းတဲ့အသံလေးက ရိပေါ်ရဲ့ဘက်က ပျံ့လွင့်လာတယ်
ရိပေါ်မှာတကယ်ဘဲကိစ္စတွေများနေပုံရပါရဲ့။

W.I.T.H...Y.O.U(Complete) Tempat cerita menjadi hidup. Temukan sekarang