Part(29)

5.9K 448 0
                                    

Zawgyi

"ရေချိုးပီးမှအိပ်နော်''

ရိပေါ်ရှောင်းကျန့်ကို ရေအမြန်ချိုးပေး
dryer နဲ့ဆံပင်ခြောက်အောင်မူတ်ပေးပီး
ဗီဒိုထဲကအဝတ်တွေထုတ်ဝတ်ပေးကာ
ပေးအိပ်လိုက်တော့တယ်

တစ်လျောက်လုံး စကားတစ်ခွန်းမှမပြောတဲ့
ရှောင်းကျန့်ဟာ တစ်နေရာတည်းကိုဘဲ
ဗလာမျက်ဝန်းတွေနဲ့စိုက်ကြည့်နေတော့တယ်

ရိပေါ်ရေချိုးမလို့လုပ်နေတုံး ထမြည်လာတဲ့
ဖုန်းကြောင့် အမြန်ကောက်ကိုင်လိုက်တော့
ဟောက်ရွှမ်းဆီက

"အင်းပြော''

"မကောင်းတော့ဘူး ရိပေါ် TVဖွင့်လိုက်အခု''

ရိပေါ် remote ကိုယူပီး ဖွင့်လိုက်တော့ သတင်း
လာနေလေရဲ့
သူနဲ့ဟွာဖေးဖေးနဲ့မင်္ဂလာပွဲနေ့အတည်ပြုကြေညာ
ခြင်းတဲ့

"ဘယ်လိုလုပ်...''

ဟောက်ရွှမ်းပြောတာမစောင့်တော့ဘဲ ရိပေါ်ဖုန်းချ
ပစ်လိုက်ကာ သူ့အဖေကိုဆက်လိုက်တယ်

"မင်းတွေ့ပီးပီမလား ငြင်းဖို့မကြိုးစားနဲ့ရိပေါ်
မင်းအတွက်မဟုတ်ရင်တောင် မင်းကလေးအတွက်
မင်းအကိုအတွက် စဉ်းစား
ဒီအခြေအနေမှာဘဲရပ်တန့်လိုက်မလား
ရှောင်းကျန့်အကုန်သိသွားမှ လက်လျော့မလား
ဒါပေမယ့် ရှောင်းကျန့်ကတော့ အဲဒီအမှန်တရား
ကိုခံနိုင်ရည်ရှိပါ့မလားဆိုတာတော့မင်းကပိုသိ
မှာပေါ့''

ရိပေါ်လှောင်ရီလိုက်ပစ်လိုက်တယ်
သူ့တစ်ကိုယ်စာနာကျင်စရာတွေပေးရတာအားမရလို့
ရှောင်းကျန့်ကိုပါ ဆွဲသွင်းချင်တာလား

"ကောင်းပီလေ ဒီလိုဖြစ်စေချင်ကြမှတော့
ဒီလိုဘဲဖြစ်စေရမယ် ရွေးချယ်စရာမရှိလောက်အောင်
ကိုအဆူံးအစွန်ထိတွန်းပို့ခဲ့ကြတာဘဲ''

ဘာအမှန်တရားလဲ သောက်ရေးမပါတာတွေ
အသိအမှတ်ပြုခြင်းမခံရတဲ့ချစ်ခြင်းတရားတွေဟာ
လည်း တည်မြဲတတ်ကြောင်းသူတို့မသိခဲ့ကြပါဘူး

ဘာကိုရပ်တန့်ပစ်ရမှာလဲ
ရွေးချယ်စရာမရှိဘူးဟုတ်လား
ဘာကကောင်းချီးမင်္ဂလာလဲ
သူ့အတွက်ဂုဏ်အသရေဟာ ရှောင်းကျန့်နဲ့အတူ
ရှင်သန်နေထိုင်သေဆုံးရခြင်းဘဲ
ရွေးချယ်စရာဟာ ရှောင်းကျန့်ပီးရင် ရှောင်းကျန့်
ရှိတယ်

W.I.T.H...Y.O.U(Complete) Onde histórias criam vida. Descubra agora