Zawgyi
"ဝါး အမြင့်ကြီးရောက်သွားပီ ရိပေါ်လေးက
တော်လိုက်တာ''လေဟုန်ကို စုန်ဆန်နေတဲ့စွန်နီနီလေး တဖြည်းဖြည်း
မြေပြင်နဲ့ဝေးဝေးသွားတယ်
ပန်းချီဆွဲဖို့ viewကောင်းတဲ့ မြို့ပြင်ကပန်းခင်းလေးထဲ ရိပေါ်နဲ့ရှောင်းကျန့် စွန်လွတ်နေတယ်။ညနေခင်းမို့ လေညင်းတသုန်သုန်က
ပင်းပွင့်လေးတွေကြား ကလူကျီစယ်လို့
မီးခိုးရောင်တီရှပ်ဝတ်ထားတဲ့ကောင်လေးကတော့
ကောင်းကင်ကို တငေးတမော။အပျော်ရှာရုံလား တကယ်အလေးအနက်လား
ဘာဖြစ်ဖြစ်ပါလေ ရိပေါ်ကတော့ သူ့ဘဝထဲ
ဝင်လာခဲ့တာပါဘဲ ရှောင်းကျန့် ရိုးရှင်းစွာ
လောဘကြီးမိတယ် ကောင်လေးမြတ်နိုး
ရတဲ့အရာထဲ တစ်ခါလောက်ဖြစ်ဖြစ်ပါဖူးချင်တယ်။
တမက်တမောပါဘဲ"ပြတ်သွားပီ''
ပန်းဖူးလေးတွေနဲ့အပြိုင်ပါဘဲ ကောင်လေးရဲ့
နုတ်ခမ်းငုံငုံလေးက သူ့စွန်လေးပြတ်သွားတော့
အလိုမကျလို့ထင်ပါရဲ့ကောက်ချိတ်နေလိုက်တာများ သက်တံ့ကွေးလေးနဲ့အပြိုင်။"ရိပေါ် စွန်ပြတ်သွားတာ ရစ်ဘီးရဲ့အပြစ်လား
စွန်ရဲ့အပြစ်လား''ဖန်သားပြာပြာရစ်ဘီးလေးကတော့ ကြေကြေမွမွ
ကောင်လေးက သူမလိုအပ်တော့ရင် ဒီလိုလေးဘဲ
စွန့်ပစ်လိုက်တတ်တယ်လား။"သေချာပေါက်ရစ်ဘီးပေါ့ သူသေချာမထိန်းသိမ်း
နိုင်လို့ ပြတ်တာလေ''တွေဝေခြင်းတစ်စိုးတစ်စိမျှ မရှိဘဲကောင်လေးက
ပြန်အဖြေပေးတယ်။"တစ်စုံတစ်ခုရဲ့တည်ရှိမူ့ဟာ တစ်စုံတစ်ခုအတွက် အနောက်အယှက်ဖြစ်လာတဲ့အခါ ဝေးသွားတာ
ပိုမကောင်းဘူးလား ရိပေါ်........
စွန်လေးဖြစ်ဖြစ် ရစ်ဘီးလေးဖြစ်ဖြစ်
လွတ်မြောက်သွားတာပေါ့''တွေးတွေးငေးငေးနဲ့ ကောင်လေးကသူ့ကို
ကြည့်တယ် တစ်စုံတစ်ရာအလိုမကျဟန်။"လမ်းလျောက်ကြမလား ''
ကောင်လေးရင်ထဲ ဘာတွေရှိလဲ ရှောင်းကျန့်
မသိဘူး မသိချင်ခဲ့တာဆို ပိုမှန်မယ်
မပိုင်ဆိုင်ရလည်းဖြစ်တယ် ကောင်လေးမေတ္တာ
တရားနဲ့ အနည်းငယ်ဖြစ်ဖြစ်ထိတွေ့ခွင့်ရရင်
တော်ပါပီ ။

VOCÊ ESTÁ LENDO
W.I.T.H...Y.O.U(Complete)
Fanficတိုးတိုး တိတ်တိတ် ဆိတ်ဆိတ် ကလေးပါဘဲ ဘယ်လောက်ချစ်ခဲ့ကြောင်းပြောမယ် ပီးရင် ကျွန်တော်တို့လက်တွေ့ကျကျ ဝေးကြမယ် တိုးတိုး တိတ်တိတ် ဆိတ်ဆိတ် ကလေးပါဘဲ ဘယ်လောက်ချစ်ခဲ့ကြောင်းပြောမယ် ပီးရင် ကျွန်တော်တို့လက်တွေ့ကျကျ ဝေးကြမယ်