Love born with you
Part(1)
(Uni)
Krist Perawat...ထိုင်းနိုင်ငံရဲ့ လူငယ်အလယ်အလတ်စီးပွါးရေးသမားတစ်ယောက်အဖြစ် အသိမှတ်ပြုခံထားရသည့် Sangpotiratမျိုးရိုးမှ သားအလတ်လူငယ်တစ်ဦး..။
အဖေ..အမေ..အကို..ညီမလေး..တို့နှင့်အတူ နေထိုင်သည်..ပျော်စရာမိသားစုလေးမို့ လူတိုင်းက အားကျရသည့်မိသားစုလေးဖြစ်သည့်အပြင်..ရုပ်ကလည်းချော..ချစ်ဖို့လည်းကောင်းပြီး ဖော်ရွေတိကျသည့် စီးပွါးရေးဆန်သည့် ခပ်ရဲရဲ ကောင်လေးအဖြစ်လည်းအသိများသည်..။
သူတို့မသိသေးတာက....တစ်ခုတည်း..သူတို့မိသားစုရဲ့တကယ့်အခြေအနေ...။
"ကိုကို..ကိိုကိုလို့...."
"ဟင်..အင်း..Kat.."
Kristတစ်ယောက်သူ့ကိုအတင်းလှုပ်နိူးနေသည့် ညီမလေးဖြစ်သူKatကြောင့် မျက်လုံးကိုအတင်းဖွင့်လိုက်သည်...။
"ဘာလဲ..Katရာ..ကိုကိုအခုမှအိပ်ပျော်ကာစရှိသေးတာကို..."
ဟုတ်သည်..မနေ့က ယူလာခဲ့သည့်အလုပ်တွေကြောင့် သူ့မှာ အခုမှ အိပ်ရုံရှိသေး လာနိူးသည့်ညီမဖြစ်သူKatကြောင့် စိတ်ကမကြည်တော့..ဒါပေမဲ့လည်း တစ်ယောက်တည်းသော ညီမလေးက အိမ်ရဲ့ဆည်းလည်းလေးမို့ တစ်မိသားစုလုံးအချစ်ပိုရသည်..သူအပါ၀င်ပေါ့..။
"ကိုကို..Katကိုကျောင်းလိုက်ပို့..."
ဟော..တွေ့လား..အိမ်မှာဒရိုက်ဘာတွေရှိနေတာတောင် သူ့ကိုပဲ အမြဲကျောင်းကိုအကြိုပို့လုပ်ခိုင်းတတ်သည့် ဆည်းလည်းလေး..။
"နောက်နေ့မှကွာ..ကိုကိုမနေ့ညကမအိပ်ရသေးလို့..နော်..Kat..Kat.."
"ဟာ..မရဘူး..ကိိုကို..လိုက်ပို့..လိုက်ပို့.."
စူချင်နေသည့်နှုတ်ခမ်းကြောင့် ကြောင်ပေါက်လေးစိတ်ကောက်တော့မည်ကိုသူသိသည်..။
နောက်သူဆက်ပြောသည့်စကားက...
"Kit..Katကိုတကယ်လိုက်မပို့ဘူးလား..."
တွေ့တယ်မဟုတ်လား..ကြောင်ပေါက်လေးကတကယ်စိတ်ဆိုးသွားတာ..ခေါ်တာလေးကိုကြည့်လေ..ကိုကိုကနေKitဖြစ်သွားပြီမို့..အိပ်ချင်နေသည့်မျက်လုံးတွေက အလိုလိုကျယ်သွားခဲ့ပြီ...။
