Love born with you
Part(33)
(Zawgyi)
အခုဆို ရိုက်ကွင်းရဲ့၃ရက်မြောက်နေ့ကို ရောက်လာခဲ့ပြီ..ရိုက်ကွင်းအခြေအနေက ကောင်းလွန်းသည်..သရုပ်ဆောင်တွေကော အဖွဲ့သားတွေကော နှစ်ဖက်စလုံးရဲ့ကြိုးစားမှုတွေကြောင့် အခုဆို ရိုက်ကူးရေးရဲ့ သုံးပုံ နှစ်ပုံကို ရောက်နေပြီ...။
"ဟော..Krist..ရောက်လာပြီလား.."
"ဟုတ်ကဲ့.."
Krist ဒါရိုက်တာကို ပြုံးပြလိုက်ရင်း Janဆီသွားလိုက်သည်..။
"Jan..အဆင်ပြေတယ်မဟုတ်လား.."
"အာ..P'Kristရောက်လာပြီလား..ဟုတ်ကဲ့ အကုန်လုံး အဆင်ပြေပါတယ်.."
Krist..ရိုက်ကွင်းပတ်ဝန်းကျင်ကို ကြည့်လိုက်သည်..ဒါပေမဲ့ လူတစ်ယောက်ကိုတော့မတွေ့ရ..။
"Singtoကော..သူကရိုက်ကွင်းမှာမရှိဘဲ ဘယ်သွားနေတာလဲ.."
သိချင်စိတ်က ဖုံးဖိမရ..ဒါပေမဲ့လည်း သူရဲ့သိချင်စိတ်ကို ဒေါသအသွင်ပြောင်းလိုက်သည်..။
"ဟို..Khun Singtoက ဒီနေ့ ရိုက်ကူးရေးမလာပါဘူး..ဒါရိုက်တာကြီးကိုတော့ ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောပြထားတယ်တဲ့..အခု Khun Ohmရဲ့ အခန်းတွေကိုပဲရိုက်နေတာ..Khun Singto..နေကောင်းသွားရင်တော့ နှစ်ယောက်တွဲ ရိုက်ကူးရေးကို ပြန်စမယ်လို့ပြောတယ်.."
Janရဲ့ စကားတွေက သူ့နားထဲ မ၀င်တစ်ချက် ၀င်တစ်ချက်..။
"Singto..နေမကောင်းဘူး.."ထိုစကားကသာ သူ့နားထဲ ဝဲနေသည်..။
"Jan..ဒီနေ့ ကိုယ့်ရဲ့ အချိန်ဇယား အလွတ်ရလား.."
"အာ..ဟုတ်ကဲ့..ဒီနေ့ P'Kristရဲ့ အချိန်ဇယားက အကုန်လွတ်တယ်..မနက်ဖြန်မှ Meeting နှစ်ချိန်ရှိမယ်..ဘာလို့လဲ..P'Krist အရေးတကြီး လုပ်စရာများရှိလို့လား..."
"အင်း.."
"ရုံးကိစ္စလား..ကျတော်လုပ်ပေးလို့ရရင် လုပ်ပေးမယ်လေ.."
"ဟို..အဲ့တာ မင်းလုပ်ပေးလို့မရဘူး.."
"အဲ့တာဆို.."
"ကိုယ်ဒီနေ့ ခွင့်ယူလို့ကောရလား.."
"ခွင့်..ရတယ်လေ..P'Kristရဲ့အချိန်တွေက ရှိမှမရှိတာ P'Kristပြန်နားချင်ရင်နားလေ..ကျန်တာ ကျတော်လုပ်လိုက်မယ်.."