Love born with you 50

711 67 2
                                    

Love born with you

Part(50)

(Zawgyi)

ဒီနေ့က သူတို့နှစ်ယောက်ရဲ့ ပထမဆုံးခရီးစဉ်ရဲ့အစနေ့...။

သူခပ်မြန်မြန် မျက်နှာသစ်လိုက်ရင်း အပြင်ကိုထွက်လာလိုက်သည်..သူ့ရဲ့စိတ်တွေက ကြည်ကြည်လင်လင်..မကြာခင် Singtoနှင့် ပင်လယ်ထဲဆင်းပြီး ရေကူးမည်..ဒါက သူ့ရဲ့အဖြစ်ချင်ဆုံး ဆန္ဒပင်..။

ပင်လယ်ကမ်းခြေဆိုတာ သူ့အတွက် မလာဖြစ်နိုင်သည့်နေရာ..အချိန်ပေးမယ်လို့ ဘယ်လောက်စဉ်းစားစဉ်းစား အဆင်မပြေခဲ့..အခုတော့ သူလာချင်နေခဲ့သည့် နေရာကို ချစ်ရတဲ့သူနဲ့လာခဲ့ရသည်..ဒါဟာ သူ့အတွက်အပျော်ဆုံးကိစ္စပဲ...။

"Sing..ငါတို့ သွားကြတော့မလား..ဟင်.."

သူရေချိုးခန်းက ထွက်လာရင်းမေးလိုက်သည်..သူ..သူမြန်မြန်ပင်လယ်ထဲဆင်းချင်နေပြီ..မနက်အစောဆို နေလည်းသိပ်မပူ..ရေကလည်းအေးစိမ့်စိမ့်လေးဖြစ်နေမှာ..သူ့မှာ စဉ်းစားလိုက်ရင်း ပြုံးလိုက်သည်..သူကလေ Singtoပြောလည်းပြောချင်စရာ..ပင်လယ်ထဲဆင်းချင်နေလိုက်တာများ..ကလေးကျလို့..။

"Sing.."

"ဗျာ..ဗျာ.."

"မင်းဘာဖြစ်နေတာလဲ.."

ကုတင်ထက်ထိုင်ရင်း လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ထားတဲ့အပြင်..သူ့ရဲ့အကြည့်တွေကို ရှောင်နေသလို..။

"Sing..မင်းဘာဖြစ်နေတာလဲ.."

သူ Singtoရဲ့အနားကို သွားလိုက်သည်..Singtoတစ်ခုခုဖြစ်နေတာကို သူခံစားမိလာသည်..အခု Singtoရဲ့ပုံစံက တစ်ခုခုကို စိတ်ဆုံးဖြတ်နေသည့်ပုံစံ..။

သူရင်တွေပူလာသည်..။

"Sing..မင်းဘာဖြစ်နေတာလဲလို့..."

Singtoရဲ့အနားတိုးလိုက်ရင်း Singtoရဲ့ ပုခုံးကို လှုပ်ကာ မေးလိုက်တော့ Singtoရဲ့ ကိုယ်က သိသိသာသာတုန်ရီသွားသည်..ပြီးတော့ သူ့ကို စိုက်ကြည့်လာသည်..။

Singtoရဲ့မျက်ဝန်းတွေက နီရဲနေသည်..။

Singtoရဲ့ပုံစံကြောင့် သူ့ရဲ့ နှလုံးသားတစ်ခုလုံး တင်းကြပ်လာခဲ့သလိုပင်...။

"Sing..Singto..ဘာ..ဘာဖြစ်လို့လဲ..​ငါ့ကိုပြောပါလား..ငါ..ငါရင်တွေပူလာပြီ.."

Love born with you (Z/U)Where stories live. Discover now