Love born with you
Part(13)
(Uni)
"ကိုကိုရေ..."
"လာပြီ.."
ထုံးစံအတိုင်း ကျောင်းလိုက်ပို့ရမည့်သူက မှန်ရှေ့တသသ..ခါတိုင်းတော့ ကြည့်ကောင်းရုံသာပြင်ဆင်ပေမဲ့ အခုရက်ပိုင်းတော့ ပိုပြီးကြည့်ကောင်းအောင်ပြင်ဆင်သည်..အကြောင်းက..။
"၀ိုး..ကိုကိုကချောလိုက်တာကွာ..."
ညီမလေးရဲ့ စကားကြောင့် သူနည်းနည်းတော့ ရှိုးတို့ရှန်းတန်း..သူများအပိုလုပ်မိလေသလား..။
"ကိုကို..ကြည့်ရဆိုးနေလား..ကြောင်ပေါက်.."
"ဟင့်အင်း...ကြည့်ကောင်းတယ်..ကိုကိုကချောပြီးသားပဲ..ဒါပေမဲ့ အခုရက်ပိုင်း ပိုချောလာသလိုပဲ..ချောတယ်..."
လက်မလေးထောင်ပြရင်း ပါးချိုင့်လေးထင်းကာပြုံးပြနေသည့် ညီမလေးကြောင့် သူ့နားတွေရဲလာမိသည်..ပုံမှန်ထက်ပိုပြီးပြင်ဆင်မိတာ ကိုယ်တိုင်သာအသိဆုံး...။
"ဒါနဲ့..ကိုကိုရည်းစားရနေပြီလား.."
မျက်ခုံးလေးတွန့်ချိုးစွာ ကြည့်လာသည့် ကြောင်ပေါက်လေးကြောင့် သူ့ကိုသူမလုံ..ချက်ခြင်းမျက်နှာကိုလွှဲလိုက်ရသည်..။
"ဘာကိုရည်းစားလဲ..ဒီကောင်မလေးကတော့..လာ..ကိုကိုမနက်စာစားပြီးရင် လိုက်ပို့မယ်.."
"ဟုတ်.."
ကြောင်ပေါက်လေးကတော့ သီချင်းလေး ညည်းရင်း ပြေးဆင်းသွားသည်..သူကသာမလုံမလဲရင်ဘတ်လေးဖိလို့..။
"ဟူး..တကယ်မလွယ်ဘူး..."
အခုချိန်ထိ ချစ်ရသူမထားဖူးသည့် သူ့အဖို့တော့ တကယ်မလွယ်ကူ..လိမ်လည်းမလိမ်တတ်သည်မို့ ပိုပြီး အခက်ကြုံရသည်..။
ဒါပေမဲ့လည်း အတွေးထဲရောက်လာသည့် ပုံရိပ်တစ်ချို့ကြောင့် သူပြုံးလိုက်သည်..သူ့ရဲ့ ပထမဆုံး ရင်ခုန်ရသူ..Singto Prachaya...။
______Love born with you_________
"ကိုကိုဘာလို့..ကားရပ်လိုက်တာလဲ..."
ရုပ်တရပ်ထိုးရပ်သွားသည့် ကားကြောင့် Katနားကြပ်ကိုဖြုတ်လိုက်ရင်းမေးလိုက်သည်..။
![](https://img.wattpad.com/cover/224242676-288-k910170.jpg)