Love born with you
Part(44)
(Zawgyi)
"အဲ့တော့ မင်းက ငါ့Porနဲ့သွားတွေ့ပြီးတော့ ပြန်လာတာပေါ့.."
သူ သူ့ရှေ့က မျက်လုံးနီရဲနေတဲ့ Singtoကို ပြုံးကာကြည့်ရင်းမေးလိုက်သည်..။
ရောက်ရောက်ချင်းသူ့ကို ဖက်ကာ ငိုနေခဲ့တဲ့ ကောင်လေးက အခုတော့ မျက်လုံးတွေရဲလို့..။
"အင်း..ကျတော် ခဗျားအဖေကိုသွားတွေ့လာတာ.."
"အဲ့တာနဲ့ Porတို့က ခွင့်ပြုလိုက်တော့ ငိုပြီးပြန်လာတယ်ပေါ့..မင်းက ကလေးလား..."
သူ စချင်သည်.. သူ့ကိုဆိုအမြဲတမ်းစနေခဲ့တဲ့ လူ..သူ့ကို အမြဲတမ်း ရင်ခုန်အောင်လုပ်ခဲ့တဲ့ ထိုကောင်လေးကို သူစချင်သည်..။
"ကျတော့်ကိုတော့ပြောတယ်..ခဗျားတုန်းကကော မငိုလို့လား..."
Singtoက ပြုံးစစနဲ့ ပြန်ချေပတယ်..သူတို့ပျော်နေကြတယ်..နှစ်ဖက်မိဘတွေဆီက သူတို့လိုချင်နေခဲ့တဲ့ ခွင့်ပြုချက်ရခဲ့ပြီမို့လို့ သူတို့ ပျော်နေကြသည်..စိတ်ချမ်းသာနေကြသည်..။
"အင်းပါ..ငါ မင်းနဲ့ပြိုင်မပြောတော့ဘူး..နောက်တစ်ခါ အဲ့လိုကြီးမနေနဲ့.."
"ဘာကိုလဲ..ငိုတာကိုလား.."
"အင်း..မင်းအဲ့လိုဖြစ်နေတဲ့ပုံကို ငါမမြင်ချင်ဘူး..
ငါတစ်ကယ်ကိုမမြင်ဘူး..Sing.."ပထမစစချင်း သူတစ်ကယ်လန့်သွားခဲ့တာ..Singtoလို လူတစ်ယောက်က သူ့ရှေ့မှာ အစစအရာရာ သည်းခံခဲ့တာကို သူတွေ့ခဲ့ဖူးသည်..။
Singto..ပျော်တာ..၀မ်းနည်းတာ..ဒေါသထွက်တာ..ရှက်တာကအစ သူမြင်ဖူးခဲ့သည်..နောက်ပိုင်း သူပဲပြန်ရှက်ရတာပါပဲ..ငိုတာကိုလည်း မြင်ဖူးခဲ့သည်..ဒါပေမဲ့ အခုလို ခံစားချက်ပြင်းထန်လွန်းနေတဲ့ပုံစံကိုတော့ ပထမဆုံးမြင်ဖူးခြင်းပင်..။
"ကျတော် စိတ်လွတ်သွားတယ်.."
"အင်း..ငါ့မှာမင်းကြောင့် တော်တော်လန့်သွားတာ.."
ချစ်ရသူရဲ့အပြုံးကြောင့် သူပါလိုက်ပြုံးလိုက်သည်..။
"ဒီလိုခံစားချက်ပဲကိုး..."