Love born with you
Part(42)
(Zawgyi)
ပြန်ကြတော့မဲ့ သူတို့နှစ်ယောက်ရဲ့ လွှတ်ကနဲ ထွက်သွားခဲ့သည့် စကားကြောင့် အခုတော့ အကုန် စိတ်ခုစရာဖြစ်ခဲ့ပြီ...။
"ပြော..သားSingto..ဘယ်လိုဖြစ်ရတာလဲ..."
သူနဲ့ Kitက Porရဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေကြပြီး Porက သူ့ကိုကြည့်ကာမေး၏..။
သူကိုယ်တိုင်လည်း ဘာမှမတတ်နိုင်တော့ပေ..။ သက်ပြင်းကို ချလိုက်ရင်း ပြန်ဖြေရတော့သည်..။
"ကျတော်နဲ့ Kitနဲ့က တွဲနေကြပါတယ်..Por..."
သူစကားဆုံးတဲ့အထိ Porဘက်က စကားပြန်မလာခဲ့..။
"ကျတော် Kitကို တစ်သက်လုံး လက်တွဲဖို့အထိ ဆုံးဖြတ်ထားပါတယ်.."
သူ Kitကို စိုက်ကြည့်ရင်း ပြောလိုက်သည်..Porဆီက ဘယ်လို စကားမျိုးကိုပဲ လက်ခံရပါစေ..သူနောက်ဆုတ်တော့မှာ မဟုတ်တော့..သူ့ရဲ့ အချစ်တစ်ခုတည်းအတွက် Porဆီက ဘယ်လိုစကားပဲဖြစ်ဖြစ် လက်ခံရမည်..။
"သားKit..မင်းကကော သားSingtoအပေါ်.."
"ကျတော်ကိုယ်တိုင်လည်း Singtoနဲ့ ထပ်တူပါပဲ..သူ့ရဲ့ စကားတွေက ကျတော့်ရဲ့ စကားတွေပါပဲ..ကျတော်တို့နှစ်ယောက် တစ်သက်လုံး လက်တွဲဖို့ ဆုံးဖြတ်ထားကြပါတယ်..."
အပြုံးချိုချိုနှင့် ချစ်ရသူက သူ့ကို စိုက်ကြည့်ရင်း အဖြေပေးသည်..။
ချစ်ရသူရဲ့ အပြုံးတွေက သူ့ရဲ့ ပူလောင်နေမှုကို သက်သာစေတယ်..ချစ်ရသူရဲ့ စကားတစ်ခွန်းတိုင်းက သူ့ရဲ့ အားအင်တွေကို ပြန်ပြည့်စေတယ်...။
"တွဲတာကြာပြီလား..."
"လွန်ခဲ့တဲ့ လေးနှစ်ကတည်းကပါ..Por.."
Singto..မတုန့်မဆိုင်းပြန်ဖြေသည်..သူ့မှာ သူ့အဖေ Kitကို လက်ခံလာအောင် လုပ်နိုင်စွမ်းရှိတယ်လို့ ယုံကြည်ထားတယ်...။
"သြ..ကြာပြီပဲ..."
Porရဲ့ အပြုံးတစ်ပွင့်မမည်သောအပြုံးက ဘယ်လိုရည်ရွယ်လိုက်လဲ သူတို့နှစ်ယောက် မခန့်မှန်းတတ်..။