Love born with you
Part(4)
(Zawgyi)
Krist..စာရွက်စာတမ်းကိုကြည့်ပြီးစိတ်တွေရှုတ်လာမိသည်..Offဆီကပြန်လာကတည်းက အလုပ်တွေနှင့်လုံးနေခဲ့တာ..အခုဆို ည၁၀နာရီလောက်တောင်ဖြစ်နေပြီမို့စိတ်တွေကညီးစီစီ..။
မနက်ဖြန် ဆေးရုံကိုသွားကာ ထုတ်ကုန်ကြောင့် ထိခိုက်ခဲ့ရသည့် လူတွေကို သွားကြည့်ရမည်..ပြီးရင်တော့ စက်ရုံနှင့်ပတ်သတ်သည့် interviewကို ဖြေဆိုရမည်..။
နစ်နာသူတွေအတွက်တစ်ခုခုကတိစကားပေးချင်သည်..မည်သူတစ်ဉီးတစ်ယောက်ကိုမှ သူ့ရဲ့ထုတ်ကုန်အပေါ် မယုံမကြည်မဖြစ်စေချင်..။
ပြီးရင်တော့ ရုံးက Meetingတစ်ခု..ပြီးရင်တော့
နောက်ထုတ်ကုန်သစ်အတွက် ချုပ်ဆိုရမည့် စာချုပ်ကိစ္စ..။တစ်နေကုန်များပြားလှသည့်အချိန်ဇယားတွေကြောင့် သူ့မှာနားချိန်မရှိလောက်..ဒါပေမဲ့လည်း
သူနေပျော်ပါသည်..အရင် Porလက်ထဲက လွှဲယူခဲ့တဲ့အချိန်ကထက်စာရင် အခုပ ပမွှားသာသာ..။အလုပ်တွေအကုန်ပြီးသွားတော့ ည၁၁နာရီတောင်ကျော်နေပြီ..ညီးစီနေသည့်စိတ်တွေကြောင့် မအိပ်သေးချင်..ကော်ဖီလေးသောက်မလားလို့စဉ်းစားမိပေမဲ့လည်း စိတ်ကမသောက်ချင်..။
"ဟာ..သိပြီ.."
ရုတ်တရပ်ပေါ်လာသည့်အတွေးက Offရဲ့ ဘားကိုသွားရန်..သူ အပေါ်ထပ်အ၀တ်လေးကိုယူလိုက်ကာ..ထွက်လာလိုက်သည်...ဘာပဲဖြစ်ဖြစ် တစ်ခွက်လောက်သောက်လိုက်ရရင် အဆင်ပြေသွားလိမ့်မည်ထင်သည်..။
Krist..ဆိုင်ထဲရောက်တော့..ဆိုင်တစ်ခုလုံးကတိတ်ဆိတ်လို့..နားထဲ လွှင့်လာသည့် သံစဉ်က တစ်ငြိမ့်ငြိမ့်..။
"ဟို..P'Krist..ဘာသောက်မလဲ.."
"သောက်နေကျပဲပေး.."
"ဟုတ်ကဲ့.."
Krist..ထောင့်စွန်းကျသည့်နေရာကိုရွေးထိုင်လိုက်သည်..ညကတော်တော်ချုပ်နေပြီဆိုပေမဲ့လည်း ဆိုင်မှာ လူမပြတ်သေး..ဆိုင်က ရောင်းရသည့်ထဲတော့မပါပေမဲ့..ပုံမှန်ထက်တော့စာရင် အဆင်ပြေသည့်အနေထားလို့ဆိုရမည်...။