Love born with you
Part(16)
(Zawgyi)
"ရောက်ပါပြီခဗျ..."
ဖြေးဖြေးသက်သာနှင့်အတူ ရပ်သွားသော ကား..ပြီးတော့ သူ့ကိုအပြုံးဖြင့်လှည့်ပြောလိုက်သည့် ကားဆရာကို သူပြုံးပြလိုက်သည်..။
"ဟုတ်ကဲ့..ကျေးဇူးတင်ပါတယ်ဗျ..."
Singtoအပြုံးဖြင့်ပြောပြီးတာနှင့် ကားပေါ်ကဆင်းလိုက်သည်..။
ညနေစောင်းနေပြီမို့..ညနေခင်းအလင်းရောင်တွေက မှိန်လာသလို..အမှောင်ရိပ်ကလည်း တစ်ဖြေးဖြေးကြီးဆိုးလာသည်..သို့ပေမဲ့လည်း သူ့မျက်ဝန်းရှေ့က ခြံကျယ်ကြီးကတော့ ပိုပြီးလှပလာနေ၏..။
လှပသည့် ရောင်စုံမီးဝိုင်းတွေ..တစ်လက်လက်တောက်နေသည့် မီးရောင်တွေကလည်း အမှောင်ရိပ်ပိုလေ..ပိုပြီးလှပလာလေပဲမို့..သူပြုံးလိုက်သည်..။
"တစ်ကယ့်ကို အထက်တန်းစားပဲ.."
တစ်ဆက်တည်း Kristမျက်နှာကိုတွေးမိတော့သူပိုပြီးပြုံးလိုက်မိသည်...သူ့ကို အခုလို လာခဲ့ရန်ပြောသည့်Krist..ဘာတွေတွေးနေတာလဲ..။
"တကယ်ပဲ..ခဗျားရယ်..ခဗျားကြောင့်လည်း ကျတော်..ကြွေစရာမရှိလောက်တော့ဘူးထင်ရဲ့..."
တီ..
မြည်သွားသည့်ဖုန်းသံကြောင့် ဘယ်သူလဲ..စဉ်းစားစရာမလို..။
"အင်း..Kit..ကျတော်ရောက်ပြီ..ဟုတ်ကဲ့..ကျတော်အခုပဲဝင်လာမလို့.."
Singto..ဖုန်းပြောပြီးတာနှင့်ချလိုက်သည်..ပြီးတော့မှ..ကုတ်ဒ်အင်္ကျီကို သပ်သပ်ရပ်ရပ်ဆွဲချလိုက်ရင်း ထိုခြံဝန်းထဲကို ၀င်ရန်ခြေလှမ်းလိုက်သည်..။
ခြံရှေ့မှာအသင့်စောင့်နေသည့် လုံခြုံရေးကို ဖိတ်စာကဒ်ပြလိုက်ပြီး သူ ခပ်သွက်သွက်ပင်ဝင်လိုက်သည်..သူ..ချစ်ရသူကိုတွေ့ချင်နေပြီ..။
ချစ်သူရဲ့တစ်မျက်နှာတည်းကြောင့် ရောက်လာခဲ့သည့် ဒီခြံဝန်းက သူ့အတွက် စိမ်းသက်သက်..။
"ဟော..Sing.."
ပြုံးရယ်စွာသူ့အနားရောက်လာသည့် ချစ်ရသူကို သူပြန်ပြီးပြုံးပြလိုက်သည်..အခုမှ သူရဲ့စိတ်တွေ လန်းဆန်းသွားသလိုပဲ..။
![](https://img.wattpad.com/cover/224242676-288-k910170.jpg)