Love born with you
Part(45)
(Zawgyi)
တစ်ပတ်လောက်ကြာတော့ Singto Mediaကနေတစ်ဆင့် အကြောင်းရာတစ်ခုကိုကြေညာလိုက်သည်..အဲ့တာက အရေးကြီးသည့် Interviewတစ်ခုလုပ်ရန်ပင်..။
သူ့ရဲ့ ဖိတ်ခေါ်မှုကို mediaတော်တော်များများတတ်ရောက်ပေးကြရန်လည်း ပြောဆိုထားသည်..ထိုသတင်းမကြေညာခင် သူ့ရဲ့ အဂျစ်ကို တိုင်ပင်ပြီးဖြစ်သည်..အဂျစ်ရဲ့ သဘောတူညီမှုဖြင့်သာ ဒီ Mediaတွေရဲ့ တွေ့ဆုံပွဲကို စီစဉ်ခဲ့တာပင်...။
Mediaတော်တော်များများကလည်း Singtoရဲ့ သတင်းကိစ္စကို စိတ်ဝင်စားကြသည်..Singtoက ပြည်တွင်းပြည်ပ အောင်မြင်နေသည့်သူ ..ပြီးတော့ မိန်ကလေးတော်တော်များများရဲ့ အသည်းနှလုံးကို ဆုပ်ကိုင်ထားသည့်သူ..ပြီးတော့ အခုထိအောင်မြင်နေသည့် သူတွေထဲ သူ့ရဲ့အောင်မြင်မှုက ပို၍သာနေသည်လေ..။
[Singtoက ဘာလို့ Mediaတွေကို ဖိတ်ကြားရတာလဲ..]
[Singto..ဘာအသိပေးမလို့လဲ...]
[Singto..ဘာအကြောင်းပြောမှာလဲ..]
လူတိုင်းရဲ့ စိတ်ဝင်စားမှုသည် ထိပ်ဆုံးကိုမြင့်တတ်နေ၏..သူတို့သိသည့် Singtoသည် သိုသိုသိပ်သိပ်နေထိုင်တတ်ပြီး လှို့ဝှက်တတ်သည်..သူ့ရဲ့ဘာသတင်းမှ တိတိကျကျမသိခဲ့ရ..။
ဘယ်လောက်ပဲ အောင်မြင်ကျော်ကြားသည့် လူဖြစ်ပါစေ သူ့ရဲ့ အတိတ်..လက်ရှိ ဘာတစ်ခုကိုမှ သူတို့အနေနဲ့သိခွင့်မရခဲ့..။
သူတို့ Singtoနှင့် ပတ်သတ်ပြီး သိခွင့်ရသည့် ကိစ္စက သူ့ရဲ့အနုပညာသာရှိသည်..သူ့ရဲ့ အနုပညာ သူ့ရဲ့ အချိန်ဇယား ဒီလောက်သာ သူတို့သိခွင့်ရှိကြသည်..။
အခုလို Singtoကိုယ်တိုင် ပြောဆိုသည့် ကိစ္စဖြစ်တာကြောင့် တော်တော်များများရဲ့ သိချင်စိတ်တွေက ပို၍သာနေသည်...။
ပွဲနေ့မှာ သူစောစောထသည်..။ အဂျစ်ကလည်း သူနဲ့အတူ လိုက်ထကာ သူ့အတွက်မနက်စာပြင်ဆင်ပေးသည်..သူကတော့ ဒီလိုအရာတွေကပုံမှန်ဖြစ်နေပြီး အဂျစ်အတွက်လည်း ပုံမှန်ဖြစ်နေကျတစ်ခုလိုပင်..ဒါပေမဲ့ အဂျစ်က တစ်ခုခုကို စိုးရိမ်နေသလိုဖြစ်နေတာကို ခံစားမိသည်..။