Love born with you
Part(46)
(Zawgyi)
"Kit..ပြီးပြီလား.."
Singto..အခန်းထဲဝင်သွားလိုက်တော့ ချစ်ရသူက သက်ပြင်းဖွဖွလေးချနေတယ်..ဒါကိုမြင်လိုက်တော့ သူပြုံးလိုက်သည်..အဂျစ်စိတ်လှုပ်ရှားနေတယ်ထင်ပါရဲ့...။
"Kit..Kit.."
"ဟင်..ဟင်..အော်..Sing.."
ချစ်ရသူက အတွေးလွန်နေရာကနေ သူ့ကိုမြင်သွားပြီး ပြုံးလာ၏..။
"ငါဘယ်လိုနေလဲ..အဆင်ပြေရဲ့လား..."
စိုးရိမ်စိတ်နှင့်ပြောနေတဲ့ ချစ်ရသူကိုကြည့်ပြီး သူပြုံးပြလိုက်သည်...။
"အင်း..ကြည့်ကောင်းတယ်..ကြည့်ကောင်းလွန်းလို့ ကျတော်ရင်တွေတောင်ခုန်လာပြီ..."
ပြုံးတုံ့တုံ့ပုံစံနှင့် Singtoရဲ့မျက်နှာကြောင့် သူအလိုမကျစွာ မျက်ခုံးတွန့်လိုက်သည်..သူကတစ်ကယ်ကို မေးနေတာကို...။
"တစ်ကယ်ပြောတာပါ အဂျစ်ရယ်..ကျတော်တစ်ကယ်ပြောတာ ကျတော်မြင်ဖူးတဲ့ သတို့သားထဲမှာ အဂျစ်က ကြည့်အကောင်းဆုံး..."
သူ့စကားကြားတော့ Krist..မျက်နှာလွှဲလိုက်သည်..သူ့ရဲ့ နှလုံးသားက ကြည်နူးသွားသည့် ခံစားချက် နွေးထွေးသွားသည့်ခံစားချက်ကို ဖြစ်သွားသည်..။
"မင်း..မင်းလည်းကြည့်..ကြည့်ကောင်းတယ်.."
ခပ်တိုးတိုးသာ ထွက်လာတဲ့ ချစ်ရတဲ့အသံကြောင့် သူပြုံးလိုက်တယ်..သူအဂျစ်ကို စချင်သေးတယ်...။
"ဟင်..ဘာပြောလိုက်တာလဲ..Kit.."
"မင်း..မင်းလည်းကြည့်ကောင်းတယ်လို့.."
ခုနကထက် နည်းနည်းပိုကျယ်သွားတဲ့ ချစ်ရသူအသံကြောင့် သူရယ်မိသွားသည်..ခဗျားကလေ စလို့စမှန်းလည်းမသိဘူး..တစ်ကယ်ပါပဲ..။
"အဟမ်း..ကြည့်ကောင်းမှာပေါ့..ခဗျားရဲ့ သတို့သားပဲဟာကို.."
"အင်း..ဟုတ်တယ်နော်..."
ဒီတစ်ခါတော့ Kristအညာမမိတော့ပေ..သူသိလိုက်သည်..Singtoဆိုတဲ့ကောင်လေးက သူ့ကိုစချင်နေတာ..။
ခပ်ပြုံးပြုံးနှင့် သူ့ကိုပြန်ပြောနေလိုက်တာများ..။
"Kit.."
![](https://img.wattpad.com/cover/224242676-288-k910170.jpg)