Love born with you 35

752 83 13
                                    

Love born with you

Part(35)

(Zawgyi)

"Kit..ဖြေးဖြေး..လာ.."

Singto..အခန်းတံခါးကို ဖွင့်ရင်း ချစ်ရသူကိုလည်းတွဲထားရသေးသည်...။

"ဘာ..မင်းက Namtanနဲ့တွဲနေတယ်ဟုတ်လား...မင်းက သူနဲ့တွဲချင်နေတယ်ပေါ့..ဟုတ်လား.."

သောက်ထားတာကြောင့် နီရဲချင်နေသည့် မျက်ဝန်းတွေက သူ့ကို စိုက်ကြည့်ရင်းမေးနေသည်..။

"Kit..ဘာတွေပြောနေတာလဲ..."

"Singto..မင်းကလေ..တစ်ကယ်ပဲ..ငါ့ကို ထားသွားဖို့စိတ်ကူးနေတာလား..."

ထိုစကားကြားတော့ Singto နှလုံးသားတွေ ကွဲကြေတော့မလို ခံစားခဲ့ရတယ်..အရင်တစ်ချိန်ကလည်း ထိုစကားနဲ့ထပ်တူ ချစ်ရသူကပြောခဲ့ဖူးတယ်...။

"ခဗျားရယ်..."

ရင်ထဲမကောင်းတဲ့ခံစားချက်ကြီးကြောင့်တံခါးကို ပိတ်ပြီးပြီးချင်း ချစ်ရသူကို တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်သည်...။

"ခဗျားရယ်..ခဗျားက ကျတော်က ခဗျားကိုထားခဲ့ရပါ့မလား..ကျတော့်မှာလေ..ခဗျားကို ချစ်လို့မ၀သေးတာကို..."

"ဒါပေမဲ့ မင်းငါ့ကို ထားခဲ့ဖူးတယ်လေ.."

ခပ်အက်အက်အသံနဲ့ ချစ်ရသူရဲ့ စကားက သူ့ရင်ကို ထိုးနှက်သည်..။

"ကျတော် ခဗျားကို အကုန်လုံးဖွင့်ပြောခဲ့တယ်လေ..ခဗျားဆီက ခွင့်ပြုချက်ရမှ ကျတော် ထွက်သွားဖို့ ဆုံးဖြတ်ခဲ့တာ ခဗျားပဲ ကျတော့်ကို ထွက်သွားခွင့်ပြုခဲ့တာ မဟုတ်ဘူးလား..."

"မဟုတ်ဘူး..ငါ..ငါလေ..မင်းအတွက်ကြောင့်
ခွင့်ပြုပေးခဲ့တာ..."

"ဗျာ.."

ချစ်ရသူကို ရင်ခွင်ထဲက ဆွဲထုတ်ရင်း မှိုင်းညို့ညို့ မျက်ဝန်းတစ်စုံကို ကြည့်လိုက်သည်...။

"ဘယ်လို..အဂျစ်..."

"ငါလေ မင်းဖြစ်ချင်တဲ့ အရာတွေကြောင့် ခွင့်ပြုပေးခဲ့တာ..မင်းက အဲ့လိုလုပ်မှ ငါနဲ့ နီးစပ်မယ်လို့ထင်ခဲ့လိုလေ..အဲ့တာကြောင့် ငါ..ငါခွင့်ပြုပေးခဲ့တာ..."

Love born with you (Z/U)Where stories live. Discover now