Love born with you 47

591 68 7
                                    


Love born with you

Part(47)

(Zawgyi)


မင်္ဂလာအချိန်စတော့ Krist..တစ်ကယ်ကို စိတ်လှုပ်ရှားနေသည်..အခုချိန် Singtoလည်း စိတ်လှုပ်ရှားနေလောက်မလား..။

သူ အခန်းထဲထိုင်နေရင်း သက်ပြင်းကို အကြိမ်ကြိမ်ချနေမိသည်..။

"သား..မင်္ဂလာအချိန်ရောက်ပြီ.."

"ဟုတ်ကဲ့.."

သူ သက်ပြင်းပူကို မှုတ်ထုတ်လိုက်ရင်း Porကို ပြုံးပြလိုက်သည်...ပြီးတော့ သူတို့ အခန်းငယ်ကနေ ထွက်လာခဲ့ကြသည်..။

"သားငယ်.."

"ဗျာ.."

"စိတ်လှုပ်ရှားနေတာလား..."

သူတစ်ကယ်ကို စိတ်လှုပ်ရှားနေမိသည်..Porက သူ့ဘေးမှာလာရပ်ရင်း ပြောပြ၏...။

"မင်းရဲ့အမေကို အဖေလက်ထပ်တဲ့နေ့တုန်းကလည်း သားငယ်နီးပါး စိတ်လှုပ်ရှားခဲ့တယ်..."

သူPorကိုကြည့်ကာ ပြုံးပြလိုက်သည်..လူတိုင်းက တစ်သက်မှာ တစ်မင်္ဂလာပဲကျင်းပသည်မဟုတ်လား..ဒီမင်္ဂလာပွဲက ကိုယ်ချစ်တဲ့သူနှင့်ဆို ဘယ်လောက် စိတ်လှုပ်ရှားဖို့ကောင်းလဲဆိုတာ သူအခု ကြုံတွေ့နေရပြီ..။

"အဆင်ပြေသွားမှာပါ..သား..သူ့ကို တွေ့လိုက်ရင် စိတ်လှုပ်ရှားတာတွေ ပျောက်ပြီး တစ်ကယ့်ကြည်နူးမှုကို ခံစားရလိမ့်မယ်.."

"ဟုတ်ကဲ့..."

Porရဲ့ စကားတွေက သူ့ကို အားအင်ဖြစ်စေသည်..။

ခန်းမကြီးထဲ ၀င်လိုက်တာနှင့် သူ့စိတ်တွေက နည်းနည်းအေးချမ်းလာသလို..သူတို့သားအဖတစ်ဖြေးဖြေးလျှောက်လာနေတုန်း ဟိုးအရှေ့က မြင်နေရတဲ့ ပုံရိပ်ကြောင့် သူ့ရဲ့ စိတ်တွေက တစ်ဖြေးဖြေးအေးချမ်းလာသည်..။

ထိုပုံရိပ်က သူ့ဆီကမခွာဘဲ သူ့ခြေလှမ်းတိုင်းကို စိုးရိမ်တကြီးကြည့်နေသလိုမျိုး..ထိုသို့ အကြည့်ခံနေရတာကို သူပျော်ရွှင်နေမိသည်..။

တစ်ဖြေးဖြေးမိသားစုတွေနားရောက်လေလေ..သူ့ရှေ့က Singtoရဲ့ မျက်နှာကိုမြင်ရလေလေ..သူပိုပြီး ပျော်ရွင်ရလေပဲ..။

Love born with you (Z/U)Where stories live. Discover now