Love born with you 37

657 74 5
                                    

Love born with you

Part(37)

(Zawgyi)

"ကျတော် အောက်မှာရောက်နေပြီနော်.."

ဖုန်းထဲက အသံရှင်က ကြည်ကြည်လင်လင်မို့ ကြားလိုက်ရတဲ့ သူက ပြုံးမိသွားတယ်...။

"မင်း..အပေါ်တတ်ခဲ့လိုက်လေ..ငါနည်းနည်းကြာအုန်းမှာ.."

"အင်း..ကျတော်လာခဲ့မယ်..."

Singto..ဖုန်းချ ပြီးတာနှင့် အပေါ်တတ်လာခဲ့လိုက်သည်..သူ အဂျစ်ကို ကြိုပို့လုပ်နေခဲ့သည်မှာ တစ်ပတ်တောင်ကျော်ခဲ့ပြီ...။

ကြိုပို့ကိစ္စစပြောတုန်းက အဂျစ်က လက်မခံခဲ့ဘူး.."မင်းရဲ့ fanတွေက သိသွားရင် ဘယ်လိုလုပ်မလဲတဲ့.."ဒီစကားကြားတဲ့အချိန်တုန်းက သူရယ်တောင်ရယ်မိလိုက်သည်..သူ အခုလို အောင်မြင်အောင် ကြိုးစားခဲ့တဲ့ အကြောင်းရင်းက ချစ်ရသူရဲ့အနားမှာ နေချင်လို့လေ..။

ဘာမှ မပြည့်စုံတဲ့ သာမာန်ကောင်လေးတစ်ယောက်ရဲ့ကြိုးစားမှု အကြောင်းရင်း အလုံးစုံက ခဗျားကြောင့်လေဆိုတော့ အဂျစ်က ပြုံးတယ်..ပြီးတော့မှ ​"မင်းfanတွေ ငါ့ကို မသိရင် ပြီးရော..မင်းအဆင်ပြေသလိုလုပ်တဲ့..."တစ်ကယ်တော့ အဂျစ်က သူ့ရဲ့စကားတွေကို အမြဲတမ်းနားထောင်ပေးတယ်..လိုက်လုပ်ပေးတယ်..ဟိုးအရင် ချစ်သူစဖြစ်ကတည်းက အဂျစ်က သူ့ကို အစစအရာရာ လိုက်လျောပေးခဲ့တာ..။

Singto..အခန်းထဲရောက်တော့..ချစ်ရသူက မှန်ကြည့်ရင်း ကြယ်သီးတပ်နေတယ်...ကြည်ကြည်လင်လင်နှင့် တည်တည်ငြိမ်ငြိမ် ချစ်ရသူကပုံစံက သူ့ရဲ့ စိတ်ကိုတောင် အေးချမ်းသွားစေတယ်...။

"Kit.."

"အင်း..မင်းရောက်ပြီလား..ခဏလေးနော်..အာ..ကျစ်..ဒီကြယ်သီးကလဲကွာ..."

ကျစ် စုပ်သံကြောင့် Singto..အဂျစ်နား သွားလိုက်သည်..။

"ဘာဖြစ်လို့လဲ.."

"ဒီမှာလေ..ကြယ်သီးက မ၀င်ဘူးဖြစ်နေတယ်..နောက်ကျနေပါပြီဆို အမြဲအဲ့လိုပဲ.."

စူပူကာငြီးငြူလိုက်သည့် အဂျစ်ကြောင့် သူရယ်လိုက်သည်...။

"ခဗျားကလေ..တစ်ကယ်ပဲ..လာ..ကျတော်တပ်ပေးမယ်.."

သူပြောလိုက်တော့ အဂျစ်က သူ့ဆီလှည့်လာတယ်..ရုပ်ကတော့ မကြည်မလင်နဲ့...။

Love born with you (Z/U)Where stories live. Discover now