Love born with you 12

832 97 9
                                    

Love born with you

Part(12)

(Zawgyi)

တစ်မနက်လုံးအလုပ်တွေရှုတ်နေသည့်Krist..ဟိုဟိုသည်သည်ကိစ္စတွေကိုရှင်းနေရသည့် သူ..သက်ပြင်းမောတောင်မချနိုင်သေး..။

တိုလီမိုလီ ကိစ္စရေးတွေက ဆုံးဖြတ်ချက်ကြီးကြီးမားမားချရသည့် ကိစ္စတွေလိုမဟုတ်..။

ဟိုနေရာ..သည်နေရာကတင်ပြလာသည့် ကိစ္စတွေက မနည်းမနော..။

"ဟူး..."

Krist..တစ်ခါတစ်လေတော့လည်း စိတ်ကုန်လာမိသည်..ဒါပေမဲ့လည်း ကိုယ်တိုင်ရွေးချယ်ထားသည့် လမ်းဖြစ်လို့ ကြာကြာတော့ စိတ်မကုန်ဖြစ်..။

တီ...

မြည်သွားသည့် ဖုန်းကြောင့် ဖုန်းnoကိုမကြည့်မိ..ဖုန်းကိုင်လိုက်တော့ ကြားလိုက်ရသည့် အသံ..ကြောင့် သူပြုံးလိုက်မိသည်...။

"အင်း..Singto.."

မတိုးလွန်း..မကျယ်လွန်းသည့် အမည်နာမထဲ ချစ်ခြင်းတွေပါဝင်နေသလို ဆွဲငင်လွန်းသည်..။

ဘေးကလူတွေကြားရင်တော့ သူတို့ CEOတစ်ယောက် ရည်းစားရနေပြီလို့တောင်ရက်စရာ..
အင်း..တစ်ကယ်လည်း ရနေတာပဲကို..။

"Krist..."

တစ်ဖက်ကအသံကလည်း ပျော်ရွှင်ခြင်းတွေအပြည့် ချစ်သူတွေဖုန်းပြောကြရင် ဒီလိုလားဟုတောင် မေးချင်စရာ သူတို့အသံတွေက အလွန်ပင် ချိုသာလွန်းသည်..။

"Krist..ပင်ပန်းနေပြီလား.."

"ဒီလိုပါပဲ..အလုပ်ရှိတော့လည်း မလုပ်လို့မှမရတာပဲ.."

"ခဗျားက..ဘောစိပဲ တစ်ခြားသူကိုခိုင်းပေါ့.."

Singtoစကားကြောင့် Krist ရယ်လိုက်သည်..ဒီကောင်လေးက သူ့ကို သက်သက်စနေပြန်ပါပြီ..။

"ကိုယ့်အလုပ်တွေကို ဘယ်သူ့ကိုခိုင်းရမှာလဲ..သူတို့က ကိုယ့်အလုပ်ကိုယ်စီနဲ့လေ.."

"တစ်ချို့ဘောစိတွေဆို သူများတွေကို ခိုင်းကြတာပဲလေ..ရော့ မင်းတို့ဒါလုပ်လိုက်..အခုချက်ခြင်းငါလိုချင်တယ်..အဲ့လိုလေ.."

"ဟားဟား..Singto..မင်း dramaကြည့်တာများသွားပြီထင်တယ်.."

"အင်းနော်..dramaကားတွေဆို အဲ့လိုပဲပါနေကျ..ဘယ်လိုလဲ..နည်းနည်းစိတ်ကြည်သွားပြီလား.."

Love born with you (Z/U)Where stories live. Discover now