Love born with you
Part(5)
(Zawgyi)
ကျတော်တို့မိသားစုက ရိုးရိုးစင်းစင်းပဲနေထိုင်တတ်ကြတယ်..မေမေက ကိုယ်ပိုင် designတွေကို စိတ်ကြိုက်ဖန်တီးပြီး ဝါသနာပါရာကိုလုပ်ကိုင်သည်..ဖေဖေက ငယ်စဉ်ကတည်းက မိဘဘိုးဘွားပိုင်ဖြစ်သည့် လုပ်ငန်းကို လုပ်ကိုင်သည်..။
ကျတော်ကြိုးစားပမ်းစားလုပ်ကိုင်နေသည့် ထိုစက်ရုံက ဖေဖေငယ်စဉ်က စီးပွါးပျက်မလိုဖြစ်ပြီးမှ ပြန်ထူထောင်ခဲ့သည့် စက်ရုံ..ထိုစက်ရုံက သူတို့ရဲ့ငယ်ဘ၀ခိုလှုံရာတစ်ခု..ငယ်ငယ်ကဆို..သူ..ကိုကိုနဲ့ ညီမလေးKatသုံးယောက်သား ပြေးလွှားဆော့ကစားခဲ့ကြသည့် နားခိုရာလေး..။
ညီမလေးKatက ထိုစက်ရုံဝန်းထဲ ဆော့ရသည်ကိုသဘောကျသည်..သူနဲ့ကိုကိုက ညီမလေးကိုအရမ်းချစ်ကြသလို အလိုလည်းလိုက်ကြသည်..ညီမလေးနှင့်သူတို့အသက်က တော်တော်ကွာကြတာမို့လို့..ကိုကိုနဲ့ ညီမလေးဆို ခြောက်နှစ်တိတိကွာသည်..သူနဲ့ဆိုရင် လေးနှစ်ပေါ့..။
မောင်နှမတွေရဲ့ဆော့ကစားရာနေရာ..ငယ်စဉ်ကတည်းက ခိုလှုံရာလေးကို ဖေဖေက သူတို့ တက္ကသိုလ် စတတ်သည့်နှစ်မှာ သူတို့ရဲ့နေရာလေးကိုရောင်းရန်ပြင်ဆင်ခဲ့သည်..တစ်ခြားစီးပွါးရေးအတွက် လိုအပ်သည့် ငွေကြေးက ဖေဖေ့ကို အကျပ်ရိုက်စေသည်မို့...ဒါပေမဲ့လည်း ထိုစက်ရုံလေးက သူတို့အတွက် ငယ်ဘ၀အမှတ်တရမို့ ဖေဖေကရောင်းရန်ဝန်လေးနေသည်..အခက်ခဲကြားထဲက ဖေဖေရုန်းခဲ့တော့ ထိုစက်ရုံကကယိုင်နဲ့နဲ့နှင့်..။
သူကျောင်းပြီးတဲ့နှစ်မှာပဲ..ဖေဖေကထိုစက်ရုံကိုရောင်းရန်ပြင်ဆင်ခဲ့သည်..တစ်ခြားစီးပွါးရေးတွေက အသင့်အတင့်အောင်မြင်နေပေမဲ့လည်း ထိုစက်ရုံကတော့ ဆေးဆက်ထားရသည့် လူမမာပုံစံပမာ..။
ဖေဖေက ထိုစက်ရုံထဲရှိဝန်ထမ်းများနှင့်ယခင်ကတည်းကရှိထားသည့် သံယောဇဉ်ကြောင့်ကော သူတို့မောင်နှမရဲ့ဆော့ကစားသည့်နေရာဖြစ်တာကြောင့်ကောပေါင်းပြီး မရောင်းဖြစ်သေးပေမဲ့လည်း အခုတော့ ဖေဖေကရောင်းရန်ပြင်ဆင်နေသည်..။
သူကလည်း ထိုနေရာကို မရောင်းချင်တာကြောင့် ဖေဖေဆီက ထိုစက်ရုံကိုလက်လွှဲယူရန် စဉ်းစားခဲ့ပြီး ဖေဖေက သူ့ကို နှစ်နှစ်အချိန်ပေးခဲ့သည်..ထိုနှစ်နှစ်အတွင်း အောင်မြင်အောင်မလုပ်နိုင်ခဲ့လျှင် ရောင်းဖို့အထိ ကတိထားခဲ့ကြသည်..ဒါကြောင့် သူကြိုးစားကာ ထိုစက်ရုံပြန်လည်ပတ်နိုင်ရန် နေ့ကောညကောကြိုးစားခဲ့ရသည်..ရလာဒ်ကတော့ ကြိုးစားမှုနှင့် ထိုက်တန်ခဲ့သည်..။