Love born with you
Part(38)
(Zawgyi)
Singto..Katကိုအတိုချုံးပြီး ရှင်းပြခဲ့သည်..ဘုကလန့်မေးသည့် သူငယ်ချင်းမကိုလည်း သူအတတ်နိုင်ဆုံးပြန်ဖြေခဲ့သည်...။
"ဆိုတော့ နင်က အခု ကိုကိုနဲ့ပြန်ပြီး အဆင်ပြေချင်တယ်ပေါ့..ဟုတ်လား.."
"အင်း..ငါ နင့်ကိုကိုနဲ့တင်မဟုတ်ဘူး..နင့်တို့ မိသားစုဝင်တွေနဲ့ပါ အဆင်ပြေချင်တယ်..."
"အဟမ်း..."
Krist..ဟန့်လိုက်တော့ Singtoက ပြုံးပြီး သူ့ကိုကြည့်လာသည်...။
"ငါလေ..Kitနဲ့ ဝေးပြီးမှ သိလာခဲ့ရတာက ငါသူနဲ့ ထပ်ပြီး မဝေးနိုင်တော့ဘူး..ဒါကြောင့် ငါအောင်မြင်အောင်ကြိုးစားပြီး သူ့ရဲ့အနားကို ပြန်လာခဲ့တာ..."
"နင့်ရဲ့ အောင်မြင်မှုက ကိုကို့အတွက် အသုံးဝင်မယ်ထင်လို့လား Sing..ငါ့ကိုကိုကလေ နင်ကိုပဲချစ်ခဲ့တာ နင်သိရဲ့လား..နင့်ရဲ့အောင်မြင်မှုမဟုတ်ဘူးဟ.."
"Kat..တော်တော့..."
"နေအုန်းကိုကို.."
"ကိုကိုကလေ နင့်ကိုပဲချစ်ခဲ့တာ..ကျောင်းသားဖြစ်နေလို့ဆိုပြီး နင့်အချစ်ကိုငြင်းခဲ့လို့လား..ကိုကိုကသာ အောင်မြင်မှုဆိုတာကို မက်ခဲ့ရင် နင့်ကိုအဖြေပြန်ပေးခဲ့မှာမဟုတ်ဘူး Sing..ကိုကိုကလေ Singto နင်ဖြစ်နေလို့ကို ချစ်တာဟ.."
Katရဲ့ ရင်ထဲ ပေါက်ကွဲချင်သည်..အခုထိ Singtoက သူရဲ့ ခွဲခွာမှုက အောင်မြင်မှုကြောင့်လို့ထင်နေတာ..။
"ငါသိတယ်..Kat..Kitက ငါ့ကိုဘယ်လိုလူဖြစ်ဖြစ်ချစ်တယ်ဆိုတာ..ဒါပေမဲ့ နင်သိလား..နင်သိအောင် ငါတစ်ခုပဲ ပြောမယ်..အဲ့ဒီအချိန်တုန်းက
ငါ့ရဲ့ချစ်သူကို အောက်ဆုံးထိ ဆွဲချဖို့ ကြိုးစားနေတဲ့ လူတွေကို ငါဘာမြှပန်မလုပ်နိုင်ခဲ့ဘူး..ငါလုပ်ပေးနိုင်တာက ငါသူ့ရဲ့အနားက ထွက်သွားဖို့ ဆုံးဖြတ်ပေးနိုင်တာ တစ်ခုတည်းပဲ ရှိခဲ့တယ်..အဲ့လို ထွက်သွားဖို့ကိုလည်း ငါဘယ်လောက်ထိ ငါ့နှလုံးသားကို ရင်းခဲ့ရလဲ နင်သိလား..တော်ပြီ ငါအဲ့အကြောင်းတွေ ပြန်မပြောချင်တော့ဘူး.."