Love born with you
Part(41)
(Zawgyi)
"အော်..မင်္ဂလာပါကွယ်..ဘယ်သူနဲ့တွေ့ချင်လို့လဲ..."
"ကျတော်..ကျတော်Singtoရဲ့ သူငယ်ချင်းပါ..."
သူ့စကားကြားတော့ အန်ကယ်ကပြုံးသည်..။
"အော်..သားSingtoရဲ့ သူငယ်ချင်းလား..သူတော့မရှိဘူး.."
"အာ..ဟုတ်ကဲ့.."
"လာလေသား.."
"ဟုတ်ကဲ့..."
Krist..ခြံထဲကို လိုက်ဝင်လိုက်သည်..ခြံဝန်းက သပ်သပ်ရပ်ရပ်နှင့် ဘေးမှာလည်း အလှပန်းပင်တစ်ချို့ စိုက်ပျိုးထားသည်...သူကိုယ်တိုင်လည်း ပန်းပင်တွေကို သဘောကျတာမို့ ပြုံးလိုက်သည်..။
"သားSingtoစိုက်ထားတာလေ..သူ့ချစ်သူက ပန်းတွေ သဘောကျတယ်တဲ့..."
"အာ..ဟုတ်ကဲ့..."
Kristရဲ့မျက်နှာ မသိမသာလေးရဲတတ်သွားသည်..Singtoရဲ့ အဖေက သူ့ကိုမသိဘဲ Singtoရဲ့ချစ်သူလို့ သုံးလိုက်၍ဖြစ်မည်...။
"လာ..သားထိုင်.."
"ဟုတ်ကဲ့.."
Krist..ဧည့်ခန်းပတ်လည်ကို ကြည့်လိုက်သည်..ကျဉ်းပေမဲ့ ပစ္စည်းတွေက သူ့နေရာနှင့်သူ..မှန်ဘောင်ထဲ ဆုတံဆိပ်တွေက အများအပြား..။
ပြီးတော့ နံရံထက် မိသားစု ဓာတ်ပုံနှစ်ပုံ..ပြီးတော့ Singtoရဲ့ ပုံသုံးလေးပုံ..ထပ်ကြည့်လိုက်တော့ Singtoနဲ့ အန်ကယ်တို့ရဲ့ သားအဖပုံနှစ်ပုံ..ပုံထဲမှာတောင် Singtoရဲ့ အပြုံးတွေက အသက်ဝင်လွန်းသည်...။
"အဲ့တာ သား တက္ကသိုလ်တုန်းကရိုက်ထားတာလေ..သူ့မှာ အန်ကယ်နဲ့ ရိုက်ချင်လွန်းလို့
အတင်းပူဆာနေတာနဲ့ သွားရိုက်ဖြစ်တာ..""အာ..ဟုတ်ကဲ့.."
Krist..ပုံကိုကြည့်လိုက်တော့ Singtoရဲ့ ပုံစံကို ရင်းနှီးနေသည်..မဟုတ်မှလွဲကော..။
"အန်ကယ်..အဲ့တာ Sing..Singto..ဒုတိယနှစ်ကလား.."
"အင်း..ဟုတ်တယ်..သူကျောင်းစတတ်တတ်ခြင်း အမှတ်တရသွားရိုက်ထားတာလေ..ပထမနှစ်က မရိုက်ဖြစ်လိုက်လို့..သားSingနဲ့ အဲ့ကတည်းက သိတာလား..."